အပြုအမူကိုပဲ ကြည့်ပြီး လူတစ်ယောက်ကို ချက်ချင်း သုံသပ်ပစ်ဖို့ ဆန္ဒမစောပါနဲ့။

blank

ချစ်စရာကောင်းတဲ့ သမီးလေးဟာ အိမ်ရှေ့ခန်းထဲမှာ ပန်းသီးလေးနှစ်လုံးကို အားရပါးရ ထိုင်စားနေပါတယ်။ အဲဒီအချိန်မှာ သူ့အမေ အနားကိုရောက်လာပြီး “သမီးလေး မေမေ့ကိုလည်း ပန်းသီးနည်းနည်း ကျွေးပါလား” ဆိုပြီး တောင်းလိုက်ပါတယ်။

အဲဒီအချိန်မှာ သမီးလေးက ခဏငြိမ်သွားပါတယ်။ ပြီးတာနဲ့ သူမလက်ထဲက ပန်းသီးနှစ်လုံးလုံး ကို တစ်ကိုက်စီ ကိုက်လိုက်ပါတယ်။ အဲဒါကို မြင်လိုက်တဲ့ သူမမေမေဟာ အရမ်းကို စိတ်မကောင်း ဖြစ်သွားပါတယ်။ “သမီးလေးရယ် မေမေကိုကျွေးမယ့်ထဲကတောင် ကိုက်ထားလိုက်သေးတယ် လောဘကြီးလိုက်တာ “ လို့လည်း တွေးမိသွားပါတယ်။ ဒါပေမယ့် မကြာပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သမီးလေးက သူမလက်ထဲက ပန်းသီးတစ်လုံးကို သူ့မေမေလက်ထဲ ကမ်းပေးလိုက်ရင်း“ရော့ မေမေ ဒါကိုစား၊ ဒီပန်းသီးက ပိုချိုတယ်။” ဆိုပြီးတော့ ပြောလိုက်ပါတယ်။

အဲဒီအချိန်ကျမှ သူမမေမေလည်း သမီးလေးရဲ့ စေတနာကို နားလည်သွားပြီး မျက်ရည်တွေတောင် ဝဲလာပါတော့တယ်။ တစ်ကယ့်ကို သင်ခန်းစာယူစရာကောင်းတဲ့ အဖြစ်အပျက်လေးပါပဲ။

ဒါကြောင့် ဘယ်လောက်ပဲ အသိဥာဏ်ရှိတဲ့ သူပဲဖြစ်နေပါစေ၊ ဘယ်လောက်ပဲ ဘဝအတွေ့အကြုံတွေ များနေတဲ့သူပဲ ဖြစ်ပါစေ တစ်စုံတစ်ခုကို ဝေဖန်တော့မယ်၊ ဆုံးဖြတ်တော့မယ်ဆို ဆန္ဒမစောမိဖို့ သိပ်ကို အရေးကြီးနေပါတယ်။ တစ်ဖက်က အပြုအမူကိုကြည့်ပြီး ချက်ချင်းဝေဖန်လိုက်မယ်ဆို အထက်ဖော်ပြပါ အဖြစ်အပျက်လေးထဲကလို အထင်လွဲစရာတွေ ဖြစ်သွားနိုင်တာမို့ ဘာမှ မသုံးသပ် မဆုံးဖြတ်ရသေးခင် အရင်ဆုံး အချိန်အနည်းငယ် ယူလိုက်ပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။