ကျောက်ကပ်ရဲ့ လုပ်ဆောင်မှု ပိုမိုအားကောင်းလာစေမယ့် သဘာဝဖျော်ရည်

Photo Credit: http://www.enkivillage.com/kiwi-smoothie.html

ကျောက်ကပ်ဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးအတွက်ရော အသက်ရှည်ဖို့အတွက်ရော အရေးပါ အရာရောက်ပါတယ်။ ကျောက်ကပ်ဟာ ကျွန်တော်တို့တွေ စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ပါလာတဲ့ အဆိပ်အတောက်တွေ ကင်းဝေးအောင် သွေး ၂ဝဝ လီတာ (200 liters) ခန့်ကို နေ့စဉ် စစ်ထုတ်ပေးရတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အဆိပ်အတောက်တွေဟာ ကျောက်ကပ်ကို ပျက်စီးစေပြီး ဆီးနဲ့ပတ်သတ်တဲ့ ရောဂါတွေလည်းဖြစ်ပွားနိုင်ပါတယ်။

ကျောက်ကပ်ကို အန္တရာယ်အပြုနိုင်ဆုံး အရာတွေကတော့…

  • ဆား
  • သဘာဝမဟုတ်သော ဖျော်ရည်များ
  • မူးယစ်ဆေးများ
  • ကဖိန်းဓာတ် (caffeine)
  • စီးကရက်
  • အရက်
  • နို့ပါဝင်မှုများသော အစားအစာများ
  • သကြားတို့ဖြစ်ပါတယ်။

ကျောက်ကပ်အတွက် ဖြည့်စွက်စာများကတော့…

  • ပိုတက်ဆီယမ်ဓာတ် (Potassium)
  • မဂ္ဂနီဆီယမ်ဓာတ် (Magnesium)
  • သန့်ရှင်းသောရေ
  • လတ်ဆတ်သော သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များပဲ ဖြစ်ပါတယ်။

ဂန္တဝင်ပရိတ်သတ်ကြီးအတွက် ကျောက်ကပ်နဲ့ ပတ်သတ်ပြီး ရောဂါဘယကင်းစေဖို့နဲ့ ခန္ဓာကိုယ်မှာ အဆိပ်အတောက်ကင်းစေဖို့ အလွယ်တကူပဲ ဖျော်ပြီး သောက်သုံးလို့ရမယ့် သဘာဝဆေးဖက်ဝင် ဖျော်ရည်လေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ။   ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပါဝင်ပစ္စည်းများ။

  • အခွံနွှာထားတဲ့ သံပုရာသီးတစ်ခြမ်း
  • အခွံနွှာထားတဲ့ ကီဝီသီးတစ်လုံး
  • ငှက်ပျောသီးတစ်လုံး
  • တရုတ်နံနံ အနည်းငယ်
  • ရေသန့်သန့်တစ်ခွက်

ပြုလုပ်ပုံအဆင့်ဆင့်။

အထက်မှာ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေကို ရေစင်စင်ဆေးပြီး ဖျော်ရည်ကျိတ်စက်ထဲထည့်ပါ။ ပြီးရင် ရေထည့်ပါ။ အနေတော် အနေအထားရောက်အောင် မွှေပြီးပြီဆိုရင်တော့ သောက်သုံးလို့ရပါပြီ။

လူတိုင်းသိသင့်တဲ့ နည်းလမ်းလေးတွေ ဖြစ်တာမို့ သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။