တစ်လအတွင် အရပ်ရှည်စေမယ့် နည်းလမ်းကောင်းလေးများ

blank

ကိုယ့်ကိုယ်ကို အရပ်မရှည်လို့ စိတ်တိုင်းမကျဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ ဒီလိုဖြစ်နေတာ သင်တို့ချည်းပဲ မဟုတ်ပါဘူး။ လူအတော်များများဟာ သူတို့အရပ်အမောင်းနဲ့ ပတ်သက်ပြီး အမြဲ အလိုမကျ ဖြစ်နေတတ်ကြပါတယ်။

အကယ်၍ သဘာဝအတိုင်းပဲ လေ့ကျင့်ခန်းလေးတွေလုပ်ရင်း သင့်အရပ်ရှည်ထွက်လာစေမယ် ဆိုရင်တော့ သင်စိတ်ဝင်စားမယ်ဆိုတာ ကျွန်ုပ်အတတ်ပြောရဲပါတယ်။ အောက်ဖက်မှာတော့ တစ်လအတွင်း ခန္ဓာကိုယ် ဖွံ့ထွားပြီး အရပ်ရှည်ထွက်လာစေမယ့် နည်းလမ်းလေးကောင်းလေးတွေကို ဂန္ထဝင် ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁။ ခန္ဓာကိုယ်မှာ ရှိတဲ့ အကြောတွေကို ဆန့်ထုတ်ခြင်း။

ဒီလို ခန္ဓာကိုယ်မှာရှိတဲ့ အကြောတွေကို ဆန့်ထုတ်လိုက်ခြင်းက အရပ်ရှည်ထွက်လာဖို့ အလွန် အထောက်အကူ ပြုတဲ့ နည်းလမ်းလေးတစ်ခု ဖြစ်ပါတယ်။

၂။ ရေကူးခြင်း။

တစ်နေ့ကို နှစ်နာရီလောက် ရေကူးခြင်းကလည်း သင့်အရပ် ရှည်ထွက်လာစေဖို့ အတွက် အကောင်းမွန်ဆုံး နည်းလမ်းတစ်ခုပါ။

၃။ ဘားဆွဲခြင်း။

တစ်နေ့ကို မိနစ် (၃ဝ) လောက် ဘားဆွဲပေးပါ။ တစ်ခါဆွဲရင် (၁ဝ) စက္ကန့်လောက် အချိန်ယူပါ။ တဖြည်းဖြည်း အချိန်ကြာကြာဆွဲနိုင်အောင် လေ့ကျင့်ယူလိုက်ပါ။ ကြာချိန်များလေ အကျိုးထူးလေပါပဲ။ ဒီလိုသာ အကြောတွေ ဆန့်ထုတ်နိုင်မယ်ဆိုရင် မကြာခင် အချိန်အတွင်းမှာပဲ သင့်အရပ်အမောင်းတွေ ဆန့်ထွက်လာပါလိမ့်မယ်။

၎။ ယောဂ ပုံမှန်လုပ်ဆောင်ခြင်း။

ဒီလို ယောဂပုံမှန်လုပ်ဆောင်တာက ကျောရိုးနဲ့ ကိုယ်ခန္ဓာကို ပျော့ပြောင်းစေပါတယ်။ အကြောအခြင်တွေ ဆန့်ထွက်စေတာကြောင့် အရပ်ကို ပမာဏ အများဆုံးအထိ ရှည်ထွက်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်ပြင်းပြင်းရူခြင်းကြောင့် စိတ်ဖိစီးမှုတွေက ကင်းဝေးစေပြီး ခန္ဓာကိုယ်ကို အဆီးအတားမရှိ ဖွံ့ဖြိုးလာစေမှာ ဖြစ်ပါတယ်။

၅။ အစားကို အချိန်မှန်မှန် စားခြင်း။

ခန္ဓာကိုယ်ဖွံ့ဖြိုးစေမယ့် အစားအသောက်တွေကို ရွေးချယ်ပြီး သင့်တော်တဲ့ အချိန်မှာ စားသုံးခြင်းကလည်း အရပ်ရှည်လာစေဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်သွယ်ပဲ ဖြစ်ပါတယ်။

၆။ အရပ်ရှည်ဆေးတွေ သောက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း။

အရပ်ရှည်ဖို့အတွက် ထုတ်ထားတဲ့ ဆေးတွေဟာ ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေတတ်တာကြောင့် အရမ်းကြီး ယုံကြည်သောက်သုံးတာမျိုး မပြုလုပ်ဖို့ လိုအပ်ပါတယ်။

၇။ အိပ်ရေးဝဝ အိပ်ခြင်း။

တချို့လူတွေက (၆) နာရီလောက် အိပ်တာကို လုံလောက်တယ်လို့ ထင်ကြပါတယ်။ တစ်ကယ်တော့ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို (၈)နာရီလောက် အိပ်မှ ကျန်းမာရေးအတွက်ရော လိုအပ်တဲ့ စွမ်းအင်ရရှိဖို့ပါ လုံလောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အရပ်ရှည်ပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးဖို့ အိပ်ရေးဝဝ အိပ်ပေးဖို့လည်း လိုအပ်ပါတယ်။

 ၈။ စက်ဘီးစီး ခြင်း။

စက်ဘီးစီးခြင်းကလည်း ခန္ဓာကို ဖွံ့ဖြိုးဖို့ သွေးလည်ပတ်မှုအား ကောင်းစေပြီး နှလုံးသွေးအားကောင်းစေတာကြောင့် ပုံမှန် စီးပေးဖို့ လိုအပ်ပါတယ်။

၉။ အစားအစာ ညီညွတ်မျှတအောင် စားခြင်း။

ဒါဟာ အရပ်ရှည်ပြီး ကိုယ်ခန္ဓာဖွံ့ထွားဖို့ အတွက် အရေးအပါဆုံး ဖြစ်ပါတယ်။

အောက်ဖက်မှာ တော့ စားသုံးသင့်တဲ့ အစားအစာလေးတွေကို အကြံပြု တင်ပြလိုက်ရပါတယ်။

၁) နွားနို့ကို မနက်တစ်ကြိမ် ညတစ်ကြိမ်ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

၂) လတ်ဆတ်တဲ့ အသီးအရွက်တွေကိုတော့ အစားစားတိုင်း ထည့်စားသင့်ပါတယ်။

၃) ဥ၊ အသားနဲ့ ပရိုတိန်းဓါတ်တွေဟာလည်း အစာစားတိုင်း မျှတစွာ စားသုံးသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

၁ဝ။ ဒေါက်မြင့် ဖိနပ်စီးခြင်း။

စာဖတ်ပရိတ်သတ်တို့အနေနဲ့ ဒါက ခင်များမပြောလည်း သိတာပဲ ဆိုပြီး တွေးနေမယ်ထင်ပါတယ်။ J ဟုတ်ပါတယ်။ အထက်ပါ လေ့ကျင့်ခန်းတွေ လုပ်ဖို့ မအားလပ်ဘူး၊ စိတ်အားမထက်သန်ဘူး ဖြစ်နေမယ်ဆိုရင်တော့ ဒီနည်းလမ်းဟာ အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံး နည်းလမ်းလေးတစ်ခု ဖြစ်နေမှာ မလွဲပါပဲ။ ဒါပေမယ့် ခဏတာ အရပ်ရှည်မှု အတွက်ပဲပေါ့။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။