ချွေးနံ့၊ ခံတွင်းနံ့တွေ ကင်းဝေးစေဖို့ နံနက်တိုင်း သောက်သင့်တဲ့ အသီးအရွက်ဖျော်ရည်လေးတစ်ခွက်။

blank

ဒီတစ်ပတ်မှာတော့ ဂန္တဝင်ပရိတ်သတ်ကြီးအတွက် လူတိုင်းနဲ့ သင့်တော်တဲ့ နည်းလမ်းကောင်းတစ်ခု ဝေမျှပေးချင်ပါတယ်။ အဲ့ဒါကတော့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ခံတွင်းနံ့နံတာတွေ၊ ချွေးနံ့နံတာတွေကို ပျောက်ကင်းစေဖို့ နံနက်တိုင်းသောက်သင့်တဲ့ အသီးအရွက်ဖျော်ရည်လေး အကြောင်း ဖြစ်ပါတယ်။ ဒီဖျော်ရည်လေးက အထက်မှာပြောခဲ့တဲ့ အကျိုးကျေးဇူးတွေအပြင် ကျန်းမာရေးအတွက်လည်း အရမ်းသင့်တော်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပါဝင်ပစ္စည်းများ။

– ပန်းသီးနှစ်လုံး

– လတ်ဆတ်တဲ့ ကိုက်လန်ရွက် ၅ ရွက်

– ဂျင်းတက်သေးသေး ၁ ခု

– တရုတ်နံနံပင်အနည်းငယ်

– သံပရာရည်အနည်းငယ်

ပြုလုပ်ပုံ အဆင့်ဆင့်။

ပါဝင်ပစ္စည်းတွေအားလုံးကို သေချာရေစင်အောင် ဆေးပြီး ဖျော်ရည်ဖျော်စက်(blender)ထဲ ထည့်ပါ။ အားလုံးကြေညပ်ပြီး သောက်လို့ရတဲ့ အနေအထားရောက်ရင် ရပါပြီ။ ဒီဖျော်ရည်လေးကို နံနက်စာမစားခင် သောက်လို့ရသလို စားပြီးချိန်မှာလည်း သောက်သုံးဖို့ အဆင်ပြေပါတယ်။

ဂန္တဝင်ပရိတ်သတ်ကြီးလည်း မြည်းစမ်းကြည့်ကြပါဦး။ ဒီဖျော်ရည်လေးသောက်ပြီး ကျန်းမာပျော်ရွှင်ကြပါစေလို့ တောင်းဆုပြုရင်း…

လူတိုင်းသိသင့်တဲ့ နည်းလမ်းလေးတွေ ဖြစ်တာမို့ သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။