အမြဲ နှလုံးသွင်းနေသင့်တဲ့ စကားစုလေးများ

blank

ခန္ဓာကိုယ်မှာ ရှိတဲ့ ကြွက်သားတွေလိုပဲ ကျွန်တော်တို့ စိတ်တွေကလည်း ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုအပ်ပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲနေတတ်တဲ့ စိတ်တွေကို ယိုင်နဲ့ မသွားရအောင် အကောင်းဆုံး လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ တကယ်အခက်အခဲ ကြုံလာတဲ့ အခါ ခံနိုင်ရည်မရှိဘဲ ပြိုလဲသွားနိုင်ပါတယ်။

ဒီတော့ နေ့စဉ်ဘဝမှာ အပြုသဘောဆောင်တဲ့ စိတ်နေစိတ်ထားလေးတွေ လေ့ကျင့်လို့ရအောင် အောက်ဖက်မှာ နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ရပါတယ်။ အောက်ဖက်က စကားစုလေးတွေကို တစ်နေ့တစ်ကြိမ်လောက် နှလုံးသွင်းဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။

၁။ ဖြစ်ပြီးခဲ့တာတွေကို မဖြစ်နဲ့လို့ တားမြစ်ထိန်းချုပ်ပိုင်ခွင့် ကျွန်တော်တို့မှာ မရှိပါဘူး။ လက်ရှိ အခြေအနေတွေကိုတော့ အဆိုးဘက်ကို မယိုင်သွားအောင် ကျွန်တော်တို့ အကောင်းဆုံး ကာကွယ်လို့ရပါတယ်။

၂။ ရိုက်ခတ်လာမယ့် လောကဓံကိုတော့ ရှောင်လွှဲလို့မရပါဘူး။ အဲဒီအရာတွေကို ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် ပြန်လည် ခုခံဖို့ပဲ အရေးကြီးပါတယ်။

၃။ ဘာမှမလုပ်ဘဲ ကိုယ့်ကိုယ်ကို ဆရာကြီးဒီဇိုင်း ဖမ်းနေမှာထက် တစ်ခုခုလုပ်ပြီး မှားသွားတာက သင်ခန်းစာ ရနိုင်ပါသေးတယ်။

၎။ လူတွေက အောင်မြင်နေတဲ့ အချိန်မှာ ရှိတာထက် ပိုချီးကျူးတတ်ကြသလို ကျရှုံးနေတဲ့ အချိန်မှာလည်း ဆုံးရှုံးနေတာထက် ပိုကဲ့ရဲ့တတ်ကြပါတယ်။

၅။ ပြဿနာ တစ်ခုကို ကိုင်တွယ်ဖြေရှင်းတဲ့ နည်းထက် အဲဒီပြဿနာ အပေါ် မြင်တဲ့ အမြင်က ပိုအရေးကြီးပါတယ်။ အတတ်နိုင်ဆုံး အကောင်းဘက် က ရှုမြင်ပါ။

၅။ စိန်ခေါ်မှုတွေဆိုတာ အောင်မြင်ခြင်းဆီ အရောက်ခေါ်သွားမယ့် အခက်အခဲလေးတွေ ပါပဲ။

၆။ ဘဝမှာ ကျရှုံးမှုတွေ ကြုံရတာ မဆန်းပါဘူး။ အဲဒီကျရှုံးမှုတွေက ရုန်းထနိုင်လေလေ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ လွယ်ကူလေလေပါပဲ။

၇။ မျက်ရည်ကျဖို့ ဘယ်တော့မှ မရှက်ပါနဲ့။ တစ်ခါတစ်လေ ဝမ်းနည်းစရာရှိတာတွေကို လွတ်လွတ်လပ်လပ် ခံစားဖို့ ထိုက်တန်ပါတယ်။

၈။ ကိုယ့်အနာဂတ်တွေ ယခုထက်ပိုပြီး သာယာလှပလာစေဖို့ ကိုယ်တိုင် စွမ်းဆောင်နိုင်တယ် ဆိုတာမမေ့ပါနဲ့။

၉။ တစ်နေ့မှာ ကိုယ်ဘာတွေလုပ်မယ် ဘာဖြစ်လာမယ်ဆိုတာကို အခုအချိန်မှာ နှုတ်ကထုတ်ပြောနေရုံနဲ့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။

၁၀။ တစ်ကယ်အရေးကြီးတဲ့ အရာတွေလုပ်ဖို့ အချိန်မရှိဘူးလို့ ခံစားနေရတယ်ဆို သိပ်အရေးမကြီးဘူးလို့ ထင်နေတဲ့ အရာတွေလုပ်နေတာကိုလည်း ရပ်တန့်လိုက်ပါ။

၁၁။ ပျော်ရွှင်မှုဆိုတာ ပတ်ဝန်းကျင်က ဝင်လာတဲ့ အကြောင်းအရာတွေကို ကိုယ်ဘယ်လို ခံယူလဲဆိုတာ အပေါ်မူတည်နေပါတယ်။

၁၂။ ကိုယ်ဘာတွေ တိုးတက်လာလဲ ထိုင်တွေးနေမှာထက် တိုးတက်လာဖို့ ဘာတွေလုပ်ဆောင်နေလဲ ဆိုတာ ပိုအရေးကြီးပါတယ်။

၁၃။ သူများတွေ ကိုယ့်ထက် အောင်မြင်နေတာမြင်ရင် ထိုင်အားကျနေမယ့်အစား ကိုယ့်ဘဝကိုယ် ပိုတိုးတက်လာအောင် ကြိုးစားလိုက်ပါ။

၁၄။ ကိုယ့်အောင်မြင်မှုတွေအတွက် လျှောက်လှမ်းတဲ့ ခြေလှမ်းတိုင်းက ကြီးမားတဲ့ ခြေလှမ်းဖြစ်ဖို့ မလိုပါဘူး။

၁၅။ ကိုယ့်အပေါ် ကိုယ့်လောက် စစ်မှန်နိုင်တဲ့သူ ဆိုတာ မရှိပါဘူး။ ဒါကြောင့် ဒီနေ့ကစလို့ ကိုယ့်ကိုကိုယ် တန်ဖိုးထား ချစ်မြတ်နိုးပါ။

၁၆။ ဘဝရဲ့ အသေးအဖွဲအောင်မြင်မှုတွေကို ခံစားပျော်ရွှင်ဖို့ မမေ့ပါနဲ့။ ဒီလို အသေးအဖွဲကိစ္စလေးတွေကို အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတာ ဘဝရဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကိုလည်း အကောင်းဆုံး စွမ်းဆောင်နိုင်မယ် ဆိုတဲ့ သဘောပါပဲ။

လူရယ်လို့ဖြစ်လာရင်တော့ အခက်အခဲတွေ ရင်ဆိုင်ရတာ မဆန်းပါဘူး။ အဲလိုအခက်အခဲတွေ ရင်ဆိုင်ရလို့လည်း ကျွန်တော်တို့ဘဝမှာ ထင်မှတ်မထားတဲ့ အင်အားတွေ ရလာရတာပါ။ အဲဒီအင်အားတွေနဲ့ပဲ ကျွန်တော်တို့ ဘဝတွေကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ကြရတာပါ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ ဘယ်လိုလူသားတွေ ဆိုတာကို ကမ္ဘာကြီးပေါ်မှာ မှတ်ကျောက်တင် ခဲ့ကြရတာပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။