ဘဝမှာ နောင်တကင်းကင်း ရပ်တည်နိုင်ဖို့ သိထားရမယ့် လျှို့ဝှက်ချက်လေးများ

blank

ဘဝမှာ တစ်ချို့လူတွေက ပျော်ရွှင်မှုရဲ့ အဓိပ္ပါယ်တွေကို ကောင်းကောင်းနားလည်ပြီး သေသည်အထိ ဘဝကို အကောင်းဆုံး ရပ်တည်နိုင်ကြတယ်။ တစ်ချို့ကျ ပြန်တော့လည်း ဘဝကို စိတ်ပင်ပန်းကြီးစွာ ဖြတ်သန်းရပြီး နောင်တတွေ တသီကြီးနဲ့ လောကကြီးထဲက ထွက်ခွာသွားကြရတယ်။

အဲလို ဘဝမှာ နောင်တကင်းကင်းနဲ့ စိတ်ချမ်းချမ်းသာသာ ဖြတ်သန်းသွားတဲ့သူတွေအား လုံးဆီက တူညီတဲ့ လျို့ဝှက်ချက်တစ်ခု ထုတ်ပြပါဆိုရင် အောက်ဖော်ပြပါ အချက် (၅) ချက်ကို ပြရပါလိမ့်မယ်။ ဒီအချက်တွေက ကျွန်တော်တို့ လောကကြီးထဲက ထွက်ခွာမသွားခင် မဖြစ်မနေ ရှာဖွေသိရှိသင့်တဲ့ အရာလေးတွေပဲ ဖြစ်ပါတယ်။

၁။ ကိုယ်ဘာဖြစ်ချင်လဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် ကြိုးစားပါ။

ကိုယ့်ရင်ထဲက စကားသံတွေကို အမြဲ သတိကပ် နားထောင်နေပါ။ ပြီးရင်တော့ ကိုယ်လျှောက်ချင်တဲ့ လမ်းကို စနစ်တကျနဲ့ တစိုက်မတ်မတ် လျှောက်လှမ်းပါ။ ကြုံတွေ့လာမယ့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ သတ္တိရှိပါ။

 ၂။ နောင်တကင်းကင်း ရပ်တည်နိုင်အောင် ကြိုးစားပါ။

ဘဝတစ်လျှောက်လုံး ပျော်ရွှင်စွာ ဖြတ်သန်းသွားကြတဲ့ လူတွေက သူတို့လုပ်ရပ်တွေ၊ အခန့်မသင့်တဲ့ လွဲချော်မှုတွေအတွက် ဘယ်တော့မှ နောင်တမရပါဘူး။ အမှားတွေက တတ်နိုင်သလောက် သင်ခန်းစာ ယူတတ်ကြပါတယ်။ တစ်ခုပဲဖြစ်နိုင်တာက သူတို့ ဒီထက်ပိုကြိုးစားခဲ့ ဖို့တော့ တွေးကောင်းတွေနေပါလိမ့်မယ်။

၃။ လောကကြီးကို ချစ်ခြင်းမေတ္တာတွေနဲ့ အလှဆင်လိုက်ပါ။

ဒီအချက်က ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ အဓိကအကျဆုံး အချက်တစ်ချက်ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေကို တန်ဖိုးထား ဆက်ဆံပါ။အတတ်နိုင်ဆုံး ကူညီဖေးမပါ။ တဖြည်းဖြည်း နောင်တတွေရဲ့ အဝေးမှာ ဘဝက နေပျော်လာပါလိမ့်မယ်။

၎။ ဘဝရဲ့ အခိုက်အတန့်ကာလလေးတွေကို ခံစားပျော်ရွှင်ပါ။

တစ်ခါတစ်လေ ဘဝကကိုယ်ဘာမှ မသိလိုက်ခင်မှာပဲ အားလုံးပြောင်းလဲ နေတတ်တာမျိုးလေးတွေ ရှိပါတယ်။ တစ်နေ့ချင်းစီကို နောင်တကင်းကင်းနဲ့ အဓိပ္ပါယ်ရှိတဲ့ အချိန်လေးတွေအဖြစ် ခံစားပျော်ရွှင်လိုက်ပါ။

၅။ ပေးကမ်းခြင်းမှာ ပျော်မွေ့ပါ။

ပေးဆပ်ခြင်းက ရလာတဲ့ ပီတိက ဘာနဲ့မှမတူတဲ့ ကြည်နူးမှုကိုပေးပါတယ်။ အကယ်၍ သေခါနီးလူတစ်ယောက်ကို မေးကြည့်ပါ။ သင့်ဘဝကို ဘာကအဓိပ္ပါယ်ရှိစေလဲလို့ပေါ့။ ကိုယ်ပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ဖေးမကူညီခြင်းက ဘဝကို အဓိပ္ပါယ်ရှိစေတယ်လို့ ဖြေပါလိမ့်မယ်။

ပျော်ရွှင်မှုဆိုတာ တစ်ကယ်တော့ ကိုယ့်ခံယူချက်အပေါ်မှာပဲ မူတည်နေပြီး ကိုယ်တိုင်ပြုစု ပျိုးထောင်ရတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ တကူးတက ရှာဖွေနေဖို့ မလိုအပ်ပါဘူး။ သင် ဒီအချက်( ၅) ချက်ကိုသာ ကောင်းကောင်းနားလည်ပြီး ဘဝကို ရပ်တည်ရှင်သန်မယ်ဆိုပျော်ရွှင်သာယာပြီး နောင်တကင်းတဲ့ ဘဝတစ်ခု ပိုင်ဆိုင်နိုင်မှာ မလွဲပါဘူး။

ဒါကြောင့် လက်ရှိအချိန်မှာ တစ်ခုခုကြောင့် ကိုယ့်ကိုယ်ကို ခွင်မလွှတ်နိုင်ဖြစ်နေအုံးတော့ အထက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာပြီး နောင်တကင်းတဲ့ ဘဝသစ်တစ်ခု စတင်လိုက်ပါတော့။ ဒါဆိုရင်တော့ သင်ဟာ နောက်ထပ်ကြုံလာမယ့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေတဲ့ လူသားတစ်ယောက် ဖြစ်လာမှာ မလွဲပါပဲ။

ကဲ သင်ရော သင့်ပျော်ရွှင်မှုတွေကို ရှာဖွေဖို့ ဘာတွေပြင်ဆင်နေပြီလဲ။ ဘဝရဲ့ အဓိပ္ပါယ်ကို ဘယ်လိုအရာတွေနဲ့ ပုံဖော်မလဲ ဆိုတာ မျှဝေပေးပါအုံး ဂန္ထဝင်ပရိသတ်ကြီးရေ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။