ကိုယ့်ထင်မြင်ယူဆချက်နဲ့ ဘာကိုမှ မဆုံးဖြတ်သင့်ကြောင်း (ဟာသလေးတစ်ပုဒ်)

blank

လေဆိပ်မှာ ဟယ်လီကော်ပတာ တစ်စီး ရပ်ထားတယ်ဆိုတာကို ကြားတာနဲ့ တေဇဆိုတဲ့ ကောင်လေးက ဟယ်လီကော်ပတာဆီသို့ အပြေးခရီးနှင်ပါတော့တယ်။

လေယာဉ်ရပ်နားစခန်းမှာ ရပ်ထားတဲ့ ဟယ်လီကော်ပတာ ပေါ်တက်ပြီး “သွားစို့ ” ဆိုပြီး အော်လိုက်တယ်။

လေယာဉ်မှူးလည်း လေယာဉ်ပေါ် ကသောကမျော တက်ပြီး စမောင်းပါတော့တယ်။

အတန်ငယ်မောင်းနှင်ပြီးတဲ့ အချိန်မှာတော့ တေဇက လေယာဉ်ပိုင်းလော့ကို “တောင်ကြားနားရောက်ရင် အနိမ့်ဘက်ကို ဦးစားပေးမောင်းနော်။ အဲနားမှာ ငါဓါတ်ပုံတွေ ရိုက်စရာရှိလို့” ဆိုပြီး ပြောလိုက်တယ်။

အဲဒီအချိန်မှာ လေယာဉ်ပိုင်းလော့က “ဘာလို့လဲဗျ” ဆိုပြီး နားမလည်နိုင်စွာ မေးလိုက်တယ်။

အဲဒီအချိန်မှာ တေဇ ပြန်ပြောလိုက်တယ်။ ငါက (CNN) စီအန်အန် သတင်းဌါနက ဓါတ်ပုံဆရာလေ။ လို့ ဖြေလိုက်ပါတယ်။

အဲ့အဖြေကို ကြားလိုက်တဲ့အချိန်မှာ လေယဉ်မှူးဟာ ဘာမှ မပြောနိုင်လောက်အောင် မှင်တက်မိသွားခဲ့ပါတယ်။ ခဏကြာမှ လေယာဉ်မှူးလည်း “ဒါဆို ခင်များ ကျုပ်လေယဉ်မောင်းနည်းပြ မဟုတ်ဘူးပေါ့။” ဆိုပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ မေးလိုက်ပါတော့တယ်။

ဒီလေယာဉ်မှူးဟာ ဒီလူ စတက်လာကတည်းက ဘယ်သူလဲဆိုတာ မေးခဲ့သင့်ပေမယ့် သူ့လေယာဉ်မောင်း နည်းပြထင်ပြီး သူပြောသလို လိုက်လုပ်ခဲ့တာပါ။

ဒီလိုပါပဲ ဘဝက တိုတိုလေးပါ။ ကိုယ်သေချာမသိတဲ့ အရာတွေအတွက် ကိုယ့်ထင်မြင်ယူဆချက်နဲ့ ရမ်းလုပ်နေမယ့်အစား မသိတာတွေ မေးလိုက်ပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။