ရိုးမြေကျအချစ်ဆိုတာ…

blank

ဒီနေ့ ကျွန်မအဘိုးတက်ရောက်နေတဲ့ဆေးရုံကို ကျွန်မရောက်သွားခဲ့တယ်။

အဘိုးက အသက် ၉၁ နှစ်ရှိပါပြီ။ သူက စစ်တပ်မှာ ကယ်ဆယ်ရေးဆရာဝန်အဖြစ် တာဝန်ထမ်းဆောင် ခဲ့တယ်။ တပ်ထဲမှာဆိုရင် သိပ်သတ္တိရှိတဲ့သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့သလို တပ်ကထွက်တော့လည်း အောင် မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စွမ်းစွမ်းတမံထူထောင်နိုင်ခဲ့တယ်။ ဒါနဲ့ ကျွန်မအရမ်းသိချင်တဲ့ မေးခွန်းတစ်ခု ကို မေးလိုက်မိတယ်။

“ အဘိုးရဲ့ဘဝမှာ အကြီးမားဆုံးအောင်မြင်မှုတစ်ခုကို ပြောပြပါလား ”

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အဘိုးက ကျွန်မကို ပြုံးပြရင်းနဲ့ အဘွားဘက်ကို တစ်ချက်လှည့်ကြည့်ပါတယ်။ ပြီးတော့ ကျွန်မကို ဖြေပါတယ်။

“ သမီးတို့အဘွားနဲ့ အခုအချိန်အထိ လက်တွဲမဖြုတ်စတမ်းအတူတူနေထိုင်ရှင်သန်ခွင့်ရခဲ့တာက အဘိုးအတွက်အကြီးမားဆုံးအောင်မြင်မှုပါပဲ ” တဲ့။

စာချစ်သူတို့ဘဝမှာကော အကြီးမားဆုံးအောင်မြင်မှုလို့ဆိုရင် ဘယ်အချက်လေးကို ဖြေချင်လဲ။