အမျိုးသမီးတိုင်း မဖြစ်မနေ ပြုလုပ်သင့်သော ကျန်းမာရေး စစ်ဆေးမှု (၅) မျိုး

blank

ဘယ်လောက်ပဲ ကျန်းမာရေးလိုက်စားတယ် ပြောပြော အချို့ ရောဂါတွေဟာ သာမန်အခြေအနေမျိုးနဲ့ မသိမြင်နိုင်၊ သတိမထားမိနိုင်ပါဘူး။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေကို ဂရုတစိုက်နဲ့ စစ်ဆေးမှုလေးတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

အောက်ဖက်မှာတော့ အချိန်နဲ့အမျှ ဂရုတစိုက် စစ်ဆေးနေဖို့လိုအပ်တဲ့ အမျိုးသမီးတို့ အဖြစ်များတဲ့ ရောဂါအမျိုးအစားလေးတွေကို ဖော်ပြထားပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ သားအိမ်ခေါင်းကင်ဆာ

အမျိုးသမီးတွေဟာ အသက်(၂၁) ပြည့်ပြီးတဲ့အရွယ် (သို့) လိင်ဆက်ဆံပြီး (၃)နှစ်အကြာမှာ သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးပေးသင့်ပါတယ်။ ပုံမှန်အနေနဲ့ (၃) နှစ် တစ်ကြိမ်လောက်တော့ စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ ဒီလို စစ်ဆေးလိုက်ခြင်းအားဖြင့် ရောဂါမရင့်ခင်မှာပဲ သားအိမ်ထဲမှာ ရှိတဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေ များတဲ့ ဆဲလ်တွေကို ကင်ဆာအဆင့် မရောက်ခင် ကြိုတင်ကုသလို့ ရနိုင်ပါတယ်။

၂။ ရင်သားကင်ဆာ

အမျိုးသမီးတွေ အသက်(၄၀) ကျော်လာတာနဲ့ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများလာပါတယ်။ ဒါကြောင့် ရင်သားတစ်ဝိုက် ကင်ဆာဖြစ်စေနိုင်တဲ့ အကြိတ်အခဲတွေ ရှိမရှိဆိုတာ စမ်းသပ်ဖို့ လိုအပ်ပါတယ်။ ဒီလို စစ်ဆေးလိုက်ခြင်းအားဖြင့် ရင်သားကို အန္တရယ်ကိုဖြစ်စေတဲ့ အကြိတ်အဖုတွေကို ရှာဖွေတွေ့ရှိ နိုင်ပါတယ်။ ရောဂါကို စောစောစီးစီး သတိပြုမိတဲ့အခါ အခြားနေရာတွေကို မပြန့်ပွားစေဖို့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၃။ အရေပြား ကင်ဆာ

အရေပြား ကင်ဆာ ကတော့ ရင်သားကင်ဆာပြီးရင် မိန်းမတွေမှာ အဖြစ်အများဆုံး ရောဂါတစ်ခုပါပဲ။ အကယ်၍ မျိုးရိုးရှိခဲ့မယ်ဆိုရင်တော့ တစ်နှစ်တစ်ကြိမ်လောက် စစ်ဆေးပေးသင့်ပါတယ်။ အရေပြားပေါ်မှာ ရှိတဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေများတဲ့ ဦးရေပြား၊ ခြေချောင်း စတဲ့ နေရာတွေမှာ အသေးစိတ် စစ်ဆေးခြင်းအားဖြင့် ကြိုတင်ကာကွယ်မှု ရယူနိုင်ပါတယ်။

၎။ နှလုံးရောဂါ

သေဆုံးသူ အမျိုးသမီးတွေရဲ့ (၃)ပုံ (၂)ပုံလောက်ဟာ နှလုံးရောဂါကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါ လက္ခဏာတွေကို အမြဲ သတိရှိနေဖို့ လိုအပ်ပါတယ်။ မျိုးရိုးမရှိဘူးဆိုပြီး နှလုံးရောဂါကို ပေါ့ဆလို့ မရပါဘူး။

ဥပမာ- သွေးပေါင်ချိန် ဂရုတစိုက် စစ်တာမျိုး။

ဂလူးကို့စ် လည်ပတ်မှုနှုန်း စစ်ဆေးပေးတာမျိုး။

ကိုလက်စထရော စစ်ဆေးတာမျိုး။

၅။ သားဥအိမ် ကင်ဆာ

ကင်ဆာတွေအများအပြား ရှိတဲ့ထဲကမှ သားဥအိမ်ကင်ဆာဟာ သေကြေပျက်စီးမှု အများဆုံး ဖြစ်စေတဲ့ရောဂါ တစ်ခုဖြစ်ပါတယ်။ ဒီလိုအဖြစ်များတာတော့ အသက် (၅၀)နဲ့ (၇၅) ကြားအရွယ်တွေမှာ တွေ့ရပါတယ်။ ဒါကြောင့်မပေါ့ဆဘဲ ကြိုတင်စစ်ဆေး ကာကွယ်ကြဖို့ လိုအပ်ပါတယ်။

ဂန္ထဝင်ရဲ့ အမျိုးသမီး ပရိသတ်တွေကိုလည်း အသက်အရွယ်အလိုက် စစ်ဆေးကာကွယ်သင့်တဲ့ ရောဂါတွေကို စိတ်ချရတဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုက်နာ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ရောဂါဝေဒနာ ခံစားနေရပြီဆို ပေါ့ပေါ့ဆဆ သဘောမထားပဲ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီး ကိုယ့်ကိုယ်ကို အမြဲဂရုတစိုက် ရှိနေကြဖို့ ဂန္ထဝင်မှမေတ္တာရှေ့ထား တင်ဆက်လိုက်ရပါတယ်။

မှတ်သားစရာ တစ်ခုဖြစ်စေခဲ့ရင် Share ဖို့ မမေ့နဲ့နော်။