ပျော်ရွှင်မှုတွေကို ခြိမ်းခြောက်နေသော အစွဲများ

blank

ဘဝမှာ ယုံကြည်ချက်တစ်ခု ခိုင်ခိုင်မာမာ ရှိဖို့ လိုအပ်ပါတယ်။ လူအမျိုးမျိုးဟာ ယုံကြည်ချက် အမျိုးမျိုးနဲ့ဘဝကို ရပ်တည်ရှင်သန် ကြတယ်။ သို့ပေမဲ့ ကျွန်တော်တို့ ယုံကြည်တဲ့ အရာတွေက ကျွန်တော်တို့ရဲ့ စိတ်ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို ဖန်တီးနိုင်စွမ်းရှိတယ် ဆိုတာကို သတိကပ်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ယုံကြည်နေတဲ့ အရာကို အခြေအနေ အချိန်အခါပေါ် မူတည်ပြီး လိုက်လျော်ညီထွေပြောင်းလဲနိုင်စွမ်း မရှိရင် ဘဝဟာ အဓိပ္ပါယ်မဲ့ သွားနိုင်ပါတယ်။

အောက်ဘက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာလေးတွေကလည်း ကျွန်တော်တို့ ဘဝတစ်လျှောက်လုံး ဖက်တွယ်ထားတဲ့ ကျွန်တော်တို့ ပျော်ရွှင်မှုတွေကို အခြိမ်းခြောက်နိုင်ဆုံး အကြောင်းအရာတွေပါပဲ။ အလေးအနက်ထား ဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

၁။ အခြားသူတွေရဲ့ အသိအမှတ်ပြုမှု ခံရမှ ဘဝဟာ နေပျော်မယ်လို့ ယုံကြည်နေခြင်း။

လူသားတစ်ယောက်အနေနဲ့ လူတွေရဲ့ နှစ်သက်မှု ထောက်ခံအားပေးမှုကို လိုချင်ကြတာ မထူးဆန်းပါဘူး။ ဒီအချက်ကြောင့် လူအများကြား ပေါ်ပြူလာ ဖြစ်ဖို့ ကိုယ်တစ်ကယ် မနှစ်သက်ပဲ နောက်ဆုံးပေါ် အသုံးအဆောင်တွေကို သုံးစွဲတာမျိုး။ မိသားစုက မနှစ်သက်လို့ ကိုယ်တစ်ကယ် မက်ခဲ့ရတဲ့ အိမ်မက်တွေကို စွန့်လွှတ်ပစ်လိုက်တာမျိုးတွေ ကျွန်တော်တို့ ဘဝမှာ သာဓက တွေအများကြီး ရှိပါတယ်။ သို့ပေမဲ့ အခြားသူတွေရဲ့ အသိအမှတ်ပြုမှုကိုရဖို့ ကိုယ်တကယ် တန်ဖိုးထားရတာတွေနဲ့ ဝေးသွားတဲ့အခါ တကယ့်ပျော်ရွှင်မှု အစစ်အမှန်တွေနဲ့ ဝေးသွားတတ်တာကို သတိပြုစေချင်ပါတယ်။

ဒီလုပ်ရပ်တွေဟာ ကိုယ့်ရဲ့တကယ်ပျော်ရွှင်မှု အစစ်အမှန် ဟုတ်ရဲ့လား ဆို မေးခွန်းထုတ်ဖို့ လိုအပ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ရာထူး ၊ စည်းစိမ်၊ သြဇာ အရှိန်အဝါ စတာတွေရမှ ပျော်ရွှင်မယ်လို့ ယုံကြည်နေခြင်း။

နောက်တစ်ချက်ကတော့ ကျွန်တော်တို့ တန်ဖိုးထားတဲ့အရာတွေရမှ ပျော်ရွှင်နိုင်မယ်လို့ စွဲနေတဲ့ ယုံကြည်မကြီးပါ။ (ဥပမာ-အလုပ်ရာထူးတိုးမှ၊ အိမ်ကြီးအိမ်ကောင်းနဲ့နေရမှ၊ လူလေးစားခံရမှ ပျော်ရွှင်မယ်ဆိုတာမျိုးပေါ့။)

ဘဝမှာ ရည်ရွယ်ချက်ပန်းတိုင်တွေရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီရည်မှန်းချက်တွေရဲ့ ဖိစီးမှုတွေကြောင့် လက်ရှိအချိန်မှာ ပျော်ရွှင်ဖို့ မမေ့သင့်ပါဘူး။

၃။ အတိတ်က ဖြစ်ရပ်တွေကြောင့် ပစ္စုပ္ပန် မှာ မပျော်နိုင်ဘူးလို့ ယုံကြည်နေခြင်း။

အတိတ်က ဖြစ်ရပ်တွေဟာ ကျွန်တော်တို့ဘဝကို သိပ်ကိုလွှမ်းမိုးပါတယ်။ အရမ်းချစ်ရတဲ့သူတစ်ယောက်ကို ဆုံးရှုံးတာမျိုး၊ မျှော်လင့်ချက် အိမ်မက်တွေ ပျက်စီးတာမျိုးတွေကြောင့် ဘဝတစ်လျှောက်လုံး အဓိပ္ပါယ် မဲ့မဲ့ ဖြတ်သန်းသွားကြသူတွေရဲ့ သာဓကတွေ မြင်ဖူးကြမှာပါ။

ဒီလိုသာ အတိတ်က ဝမ်းနည်းစရာတွေကို လိုက်ခံစားနေမယ်ဆို ဘဝမှာ ဘယ်လိုလုပ် ပျော်ရွှင်တော့မှာလဲ။ လက်ရှိအချိန်တွေကို အကောင်းဆုံးဖြတ်သန်း လိုက်ပါ။

ဗဟုသုတ ရမယ်ဆို Share ဖို့ မမေ့နဲ့နော်။