လိုအပ်သည်ထက် ပိုမို အိပ်စက်ခြင်း၏ ဆိုးကျိုးများ

blank

ဆယ်ကျော်သက် တစ်ယောက်ဟာ တစ်နေ့ကို (၇)နာရီ မှ (၉) နာရီထိ အိပ်စက်ဖို့လိုအပ်ပါတယ်။ ဒါမှသာ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေကို စိတ်ကြည်ကြည်လင်လင်နဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ (၉) နာရီထက် ပိုအိပ်မိတယ်ဆိုရင်တော့ အထောက်အကူ မဖြစ်တဲ့အပြင် ကျန်းမာရေးနဲ့လည်း မညီညွတ်တော့ပါဘူး။ အောက်ဖက်မှာ ဖော်ပြထားတာတွေကတော့ အအိပ်လွန်ခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။

၁။ လိုအပ်တာထက် ပိုအိပ်စက်ခြင်းက အခက်အခဲတွေကြုံလာရင် အလွယ်တကူ စိတ်ဓါတ်ကျ စေပါတယ်။

၂။ လိုအပ်တာထက် ပိုအိပ်စက်ခြင်းက ဦးနှောက်ရဲ့ ပုံမှန် လုပ်ဆောင်မှုတွေကို ထိခိုက်စေပါတယ်။

၃။ အိပ်စက်ခြင်းက ဟော်မုန်းဖြစ်ပေါ်မှုနဲ့ အမျိုးသမီးများ၏ ရာသီစက်ဝန်းကို သက်ရောက်မှု ရှိတဲ့အတွက် လွန်ကဲစွာ အိပ်စက်ခြင်းက ကိုယ်ဝန်ဆောင်တဲ့ အချိန်မှာ ဆိုးကျိုးတွေ ဖြစ်ပွားစေပါတယ်။

၎။ လိုအပ်တာထက် ပိုအိပ်စက်ခြင်းက ဆီးချိုဖြစ်ပွားမှု အလားအလာလည်း ပိုများစေပါတယ်။

၅။ လိုအပ်တာထက် ပိုအိပ်စက်ခြင်းက အဆီပိုတွေများလာပြီး အဝလွန်စေပါတယ်။

၆။ လိုအပ်တာထက် ပိုအိပ်စက်ခြင်းက ပုံမှန်သက်တမ်းထက် အသက်တို စေပါတယ်။

၇။ လိုအပ်တာထက် ပိုအိပ်စက်ခြင်းက နှလုံးကျန်းမာရေးကိုလဲ ထိခိုက်စေနိုင်ပါတယ်။

ဂန္တဝင်ပရိသတ်တို့ ကျန်းမာရွှင်လန်းသော ဘဝလေးပိုင်ဆိုင်ကြပါစေလို့ ဆုတောင်းလျက်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မှတ်သားစရာ တစ်ခုဖြစ်စေခဲ့ရင် Share ပေးဖို့ မမေ့နဲ့နော်။