အအိပ်မက်သူတွေသိစေဖို့ အိပ်စက်ခြင်းဆိုင်ရာ သိစရာလေးများ-အပိုင်း (၂)

blank

၁။       အိပ်ပျော်ဖို့ (၅)မိနစ်လောက်ပဲကြာတယ်ဆိုရင် အိပ်ရေးမ၀လို့ပါ။ ပုံမှန်ဆိုရင် အိပ်ပျော်ဖို့ ၁၀မိနစ်လောက်ကြာပါတယ်။

၂။       လူတစ်ယောက်ရဲ့သက်တန်းတလျှောက်မှာ ပျမ်းမျှ (၆) နှစ်တာလောက်ဟာ အိပ်မက်မက်ခြင်းနှင့် ကုန်ဆုံးပါတယ်။

၃။       အိပ်ပျော်နေရင်း ရုတ်တရက် အလိုအလျောက် လှုပ်ရှားမိတာမျိုးကို မိုင်ယိုကလိုးနစ် ဂျက် (myoclonic jerk) လို့ခေါ်ပါတယ်။ ဥပမာ – ခြေထောက်ကန်လိုက်မိတာ၊ လက်ရမ်းမိတာ တို့ဖြစ်တတ်တယ်။

၎။       အိပ်ရေးပျက်ရင် ဆာလောင်ခြင်းကို ၂၅% တိုးစေပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။       အိပ်စက်ခြင်းထက် တီဗီကြည့်ခြင်းက ကယ်လိုရီ ပိုကုန်ခမ်းစေပါတယ်။

၆။       ဆယ်ကျော်သက်ကလေးတွေက အိပ်ရေးမ၀တာတွေပိုများကြတယ်။ ကျူရှင်နဲ့ကျောင်းတွေ ကြောင့် ပြေးလွှားနေရတာတွေလည်းပါပါတယ်။

၇။       အိပ်ရေးမဝခြင်းက လူတွေကို အကောင်းမြင်လွန်းတတ်စေပြီး အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်များ ချစေတတ်ပါတယ်။

၈။       ညဘက်အိပ်ရေးပျက်တာတွေက ကင်ဆာဖြစ်ခြင်းကို အားပေးနိုင်တယ်လို့ WHO မှ ဖော်ပြထားပါတယ်။

၉။       နေ့ဘက်ကပြုလုပ်ခဲ့တဲ့လုပ်ရပ်တွေကို အိပ်စက်ခြင်းက မှတ်ဥာဏ်ထဲမှာကြာရှည် အမှတ်ရစေပါတယ်။

၁၀။     အိပ်ရေးပျက်စေတဲ့ အကြောင်းအရာတွေထဲက တစ်ခုကတော့ (၂၄)နာရီ အင်တာနက် အသုံးပြုနိုင်ခြင်းတွေဖြစ်ပါတယ်။

၁၁။     တစ်ခုခုကို သင်ယူပြီးနောက် ချက်ချင်း အိပ်စက်လိုက်တာက သင်ယူခြင်းကို ပိုပြီးမှတ်မိစေပါတယ်။

၁၂။     သာမန်လူတစ်ယောက်ဟာ လူ့သက်တန်း၏ (၃)ပုံ(၁)ပုံ ကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးပါတယ်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။