သမီးလေးအတွက် – ပျော်ရွှင်ချမ်းမြေ့ခြင်းဆိုင်ရာအကြံပေးစာ

0
1917

သမီးလေး ဘဝမှာပျော်ရွှင်မှု ရဖို့ဆိုရင် မေမေတို့ကို မပျော်ရွှင်အောင် လုပ်နိုင်တဲ့ အတွေးတွေနဲ့ အလေ့အကျင့်လေးတွေကို လက်လျှော့လိုက်သင့်တယ်။ မေမေတို့ ဘဝမှာ ပျော်ရွှင်တဲ့လမ်းကြောင်းပေါ် ရောက်ရှိပြီး အဆိုးဘက်ကအတွေးတွေကြောင့် ကိုယ်ကိုတိုင် လမ်းပိတ်နေတာကို မေမေတို့သတိတောင် မထားမိလိုက်ပါဘူး။ အခုမေမေပြောပြမှာကတော့ သမီးကိုယ့်စိတ်နဲ့ အတွေးတွေကို ပြန်လည်ပြင်ဆင်နိုင်ပြီး သမီးလေးနဲ့ထိုက်တန်တဲ့ ပျော်ရွှင်မှုကို ခံစားရဖို့ နည်းလမ်းတွေပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ သမီးအမြဲတမ်းမှန်နေရမယ်ဆိုတဲ့ အတွေးလေးကို လက်လျှော့လိုက်ပါ။

မေမေတို့တွေက အမှန်တရားအတွက် ချစ်ရတဲ့သူတွေ၊ မိတ်ဆွေတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဒီအကျင့်လေးကို ဖျောက်ပစ်လိုက်ခြင်းက ပိုမိုကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ရရှိလာလိမ့်မယ်ဆိုတာ သမီးလေးအမြဲ သတိရလိုက်ပါ။ သမီးကတော့ ကိုယ့်ဘက်ကမှန်နေတယ်ဆိုပြီး စိတ်ကြည်လင်နေတော့ သမီးကိုယ်သမီး စိတ်ဆင်းရဲခြင်းက ကယ်တင်လိုက်နိုင်ပါတယ်။ ဒါပေမယ့် သမီးဘေးကလူတွေကတော့ မှားခဲ့တဲ့အတွက် စိတ်ဖိစီးတာတွေ၊ စိုးရိမ်ပူပန်တာတွေကို ခံစားနေရမှာပါ။ သမီးကိုယ်သမီး အမြဲပြန်မေးရမှာက “သမီး အမှန်တရားဘက်လိုက်မလား၊ အကြင်နာတရားဘက် လိုက်မလား” ဆိုတာပါပဲ။

၂။ သမီး မကျေမနပ်ဖြစ်တတ်တာတွေ၊ ညည်းညူတတ်တာတွေကို လက်လျှော့လိုက်ပါ။

သမီးရဲ့တစ်နေ့တာမှာ မကျေနပ်စရာအကြောင်းတွေနဲ့ ပြည့်နေနိုင်ပါတယ်။ ရာသီဥတုအခြေအနေ၊ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ စားသောက်ဆိုင်တစ်ဆိုင်က ဝန်ဆောင်မှု စသဖြင့်ပေါ့။ ဒါပေမယ့် သမီးရယ် ဒါတွေကို ညည်းညူနေလို့ မေမေတို့အတွက် ဘာကောင်းလာမှာ မို့လို့လဲ။ မေမေတို့ညည်းလိုက်လို့ ပိုပြီးပျော်ရွှင်သွားလို့လား။ မပျော်ရွှင်ရပါဘူး။ မေမေတို့ခံစားချက်ဆိုတာ မေမေတို့လက်ထဲမှာပဲ ရှိတာပါ။ အခြေအနေတစ်ခုကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ မေမေတို့ဆန္ဒရှိတဲ့အတိုင်း ရွေးချယ်နိုင်ပါတယ်။ ဒီလို အဆိုးဘက်ကမြင်တဲ့ အတွေးတွေထဲမှာ မေမေတို့ ကိုယ့်ကိုယ်ကို အနှစ်ခံမလား၊ ဒါမှမဟုတ် ဒါတွေအားလုံးကို မစဉ်းစားဘဲနေပြီး ဘာပဲဖြစ်ဖြစ် ပျော်ပျော်နေမလား ဆိုတာ သမီးလေးရွေးချယ်ရမှာပါ။

၃။ ထိန်းချုပ်ချင်တဲ့ သမီးရဲ့စိတ်လေးတွေကို လက်လျှော့လိုက်ပါ။

မေမေတို့ဘယ်လောက် ကြိုးစားကြိုးစား မေမေတို့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ အဖြစ်အပျက်တွေနဲ့ လူတွေကို ထိန်းချုပ်လို့ မရနိုင်ပါဘူး။ ဒီလိုမဖြစ်နိုင်တာတွေကို ဖြစ်နိုင်ရမယ်လို့ ကြိုးစားပြီး ကိုယ့်ကိုယ်ကိုနှိပ်စက်နေမယ့်အစား သမီးကိုယ်သမီး ညှာတာရမယ်လေ။ သမီးဘေးမှာရှိတဲ့ အရာတွေအားလုံး လူတွေအားလုံး သူဟာသူဖြစ်ပျက်နေကြတာကို သမီးကြိုတင်သိရှိပြီး ပြင်ဆင်ထားနိုင်ဖို့ ကြိုးစားပါ။ ဒါဆိုရင် သမီးစိတ်သက်သာပြီး စိတ်ချမ်းသာ ပျော်ရွှင်လာမှာပါ။

၎။ သမီးကိုယ်သမီးထိခိုက်အောင် ပြောနေတာတွေကို လက်လျှော့လိုက်ပါ။

မေမေတို့ဘဝမှာ အခက်ခဲဆုံး အတားအဆီးတွေထဲက တစ်ခုကတော့ ကိုယ့်စိတ်ထဲမှာပဲ ပိတ်လှောင်နေတာပါ။ တစ်ကယ်မဟုတ်တဲ့ အတွေးတွေက မေမေတို့ကို ရှေ့မဆက်နိုင်အောင် တားဆီးနေတယ်လေ။ စိတ်ကူးထဲကအတားအဆီးတွေကပဲ မေမေတို့ လုပ်နိုင်တာ မလုပ်နိုင်တာ၊ ဘယ်ဟာက ဖြစ်နိုင်တာ မဖြစ်နိုင်တာ စတဲ့အတွေးတွေကို ရောနှောသွားဝေဝါးသွားစေတယ်။ ဒီအတားအဆီးတွေကို သမီးမြင်နိုင်ဖို့ သင်ယူရမယ်။ ဒါမှ သမီးရဲ့အတောင်လေးတွေကို ဖြန့်ပြီး ပျံသန်းဖို့အတွက် အဆင်သင့်ဖြစ်မှာပေါ့။

၅။ တခြားလူတစ်ယောက်ရဲ့ မျှော်လင့်ချက်အတွက် သမီးရှင်သန်နေတာမျိုးကို လက်လျှော့လိုက်ပါ။

မေမေတို့ဘဝတွေ တော်တော်များများက လူအဖွဲ့အစည်းကြီးထဲမှာ အံဝင်ကွင်ကျဖြစ်နိုင်ဖို့ ကြိုးစားရင်း အချိန်တွေ ကုန်ဆုံးနေရတာပါ။ တခြားလူတစ်ယောက်က မေမေတို့လုပ်ရမယ့်အလုပ်၊ မေမေတို့မောင်းမယ့်ကား၊ မေမေတို့ဝတ်မယ့် အဝတ်အစားအပြင် အကြောင်းအရာများစွာကို ဆုံးဖြတ်ပေးတာတွေကို မေမေတို့ခွင့်ပြုနေကြတယ်။ မေမေတို့ ဆန္ဒရှိတာကိုလုပ်ပြီး၊ မေမေတို့ နှလုံးသားရဲ့ စေညွှန်ရာကို လုပ်နိုင်မယ်ဆိုရင် ဘယ်လောက်တောင် ပျော်လိုက်ကြမလဲ သမီး။ မေမေတို့တွေအားလုံးက ပါရမီရှိကြတဲ့လူတွေပါ၊ အများနဲ့မတူတဲ့ထူးခြားချက်လေးတွေက ကိုယ်စီကိုယ်စီမှာ ရှိနေကြပါတယ်။ မေမေတို့မှာရှိတဲ့ အရည်အသွေးတွေကို ပျိုးထောင်ပြီး မေမေတို့ အကောင်းဆုံးလုပ်နိုင်တာ၊ မေမေတို့ချစ်မြတ်နိုးတာ တွေကိုပြသဖို့ပဲ လိုအပ်တာပါ။ တခြားလူတွေ မျှော်လင့်သလို လုပ်ဆောင်နေတာတွေထက်ပေါ့။

၆။ ဝေဖန်အပြစ်တင်တတ်တာကို သမီးလက်လျှော့လိုက်ပါ။

သမီးနားမလည်တဲ့ အရာတွေအားလုံးကို ဝေဖန်အပြစ်တင်နေတာတွေ ရှောင်ကြဉ်လိုက်ပါ။ မေမေတို့အားလုံးက မတူညီကြပါဘူး၊ ဒါကြောင့်လည်း ဘဝဆိုတာ လှပတာပေါ့။ မေမေတို့အားလုံးတွေက တူတူတွေပဲဆိုရင် ဘယ်လောက်တောင် ပျင်းစရာကောင်းနေမလဲ။ လူတွေနဲ့ အရာရာတိုင်း မတူညီဘဲ ကွဲပြားနေတာကို ခွင့်ပြုလိုက်ပါသမီး၊ မတူညီတဲ့အရာတွေကို ဝေဖန်ဖို့ အကြောင်းမရှာပါနဲ့။ မေမေတို့အားလုံးက ပျော်ရွှင်ချင်ကြပါတယ်။ မေမေတို့ကိုယ်တိုင်ရော တခြားလူတွေကိုပါ ပျော်ရွှင်ဖို့ ခွင့်ပြုလိုက်ပါ။

၇။       တခြားလူတွေ အထင်ကြီးအောင်လုပ်နေတာတွေ သမီးလက်လျှော့လိုက်ပါ။

တခြားတစ်ယောက်ရဲ့ ကိုယ့်အပေါ်မြင်တဲ့အမြင်ထက် ပိုပြီးအရေးကြီးတာတွေ ဘဝမှာ အများကြီးရှိပါတယ် သမီး။ သမီးအသက်ရှင်နေထိုင်ဖို့ ဘာလုပ်နေလဲ၊ သမီးဘာကားမောင်းလဲ ဆိုတာတွေက သမီးကို ပျော်ရွှင်မှုမပေးနိုင်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးမှာလည်း တစ်ဖက်လူအမှန်တကယ် လိုအပ်တာက စစ်မှန်တဲ့ သမီးကိုယ်တိုင်ပါပဲ။ သမီးဟန်ဆောင်နေတာတွေ အားလုံးကို လက်လျှော့လိုက်တဲ့အခါ သမီးကို လူတွေက သမီးအရှိအတိုင်းလေးကို နှစ်သက်တန်ဖိုးထားတယ် ဆိုတာကို နားလည်လာပါလိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေးမှာလည်း ပိုပြီးခိုင်မာနက်နဲလာတာကို သမီးတွေ့ရမှာပါ။

၈။       ပြောင်းလဲဖို့ တွန့်ဆုတ်နေတာတွေ သမီးလက်လျှော့လိုက်ပါ။

ဘဝဖြစ်စဉ်တိုင်းက ပြောင်းလဲနေတာပါပဲ သမီး။ မေမေတို့ လူသားတွေဆိုတာ တစ်နေရာမှာ နှစ်သက်ပျော်ရွှင်လာပြီ၊ နေသားကျသွားပြီဆိုရင် ပြောင်းလဲဖို့ကို တွန့်သွားပါပြီ။ ဒါပေမယ့် သမီးရယ် ခဏတာအချိန်ကမှ ထာဝရတည်မြဲတာပါ။ ဒါကြောင့် အပြောင်းအလဲက သမီးအိမ်ရှေ့ရောက်လာမယ်ဆိုရင် လက်ခံဖို့အဆင်သင့်ဖြစ်နေရမယ်နော်။ မေမေတို့က အပြောင်းအလဲကို ကြိုဆိုလိုက်မှ အခွင့်အလမ်းအသစ်နဲ့ ဘဝအသစ်တွေကို မြင်တွေ့နိုင်မှာပေါ့။

၉။       ကြောက်ရွံ့နေတာတွေကို သမီးလက်လျှော့လိုက်ပါ။

သမီး ကျရှုံးမှာမဟုတ်ဘူးလို့ သမီးသိခဲ့မယ်ဆိုရင် သမီးကြိုးစားခဲ့မှာ မဟုတ်လား။ မေမေတို့ရဲ့ ကြောက်ရွံ့တဲ့စိတ်တွေက မေမေတို့ကို ကိုယ့်ကိုယ်ကို ဖန်တီးတဲ့နေရာမှာ မထင်မှတ်ဘဲ တားဆီးနေပါတယ်။ ဒီအတားအဆီးတွေအားလုံးသာ ပျက်စီးသွားခဲ့ရင် သမီးဘယ်လိုခံစားရမလဲ။ သမီးမျက်လုံးလေးတွေကို မှိတ်ပြီး ခဏလေးဖြစ်ဖြစ် တွေးကြည့်လိုက်ပါ။ ခံစားလို့ ကောင်းတယ်မဟုတ်လား သမီး။ အခုဒီအတိုင်းလေး နေဖို့ကြိုးစားကြည့်လိုက်ပါ။

၁၀။     အတိတ်တွေကို လက်လွှတ်လိုက်ပါ သမီး။

အတိတ်ကို တွယ်ပြီး အနာဂတ်အတွက် စိတ်ပူနေတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့သမီး။ ဒီနေ့ဆိုတာကမှ သမီးအမှန်တကယ် ပိုင်ဆိုင်ထားတာပါ။ မနက်ဖြန်ကလည်း သမီးကို ကတိတွေ မပေးနိုင်သလို မနေ့ကလည်း ပြီးဆုံးသွားခဲ့ပြီ မဟုတ်လား။ ဒါကြောင့် သမီးလုပ်နေတာတွေအားလုံး လက်ရှိလေးမှာပဲ တွေးပြီးလုပ်ဆောင်ပါ။ ပျော်ရွှင်ခြင်းဆိုတာ အနာဂတ်ကို ရွှေ့ဆိုင်းထားလို့ ရတဲ့အရာမဟုတ်ဘူးဆိုတာ သမီးလေး မှတ်မိနေပါ။

မေမေပေးတဲ့ အကြံဥာဏ်လေးတွေကို သမီးလေး လိုက်နာပါ။ သမီးလေး စိတ်ချမ်းသာရသလို သမီးဘေးကလူတွေလည်း စိတ်ချမ်းသာရမှာပါ။ မီးလင်းနေတဲ့ ဖယောင်းတိုင်လေးကမှ တခြားဖယောင်းတိုင်လေးတွေကို အလင်းရောင် ပေးနိုင်မယ် မဟုတ်လား သမီး။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။