အိမ်ထောင်ပြုတယ်ဆိုတာ အမျိုးသမီးတစ်ယောက်တည်းနဲ့ တစ်ဘဝလုံးနေထိုင်သွားရတာလား

0
1715

အိမ်ထောင်တစ်ခုကို ထူထောင်တော့မယ့် အမျိုးသားတို့ရေ…

လက်ထပ်ခြင်းဆိုတာ အမျိုးသမီးတစ်ယောက်တည်းနဲ့ တစ်ဘဝလုံးအတူတူ နေထိုင်သွားခြင်းမဟုတ်ပါဘူး။ ဒီသဘောကို ရှင်တို့တွေအားလုံး လက်ထပ်ပြီးတဲ့ နောက်ပိုင်းမှာ နားလည်လာမှာပါ။

ရှင့်အနားမှာရှိနေတဲ့ ရှင့်ဇနီးက တစ်ချိန်ကရှင်ချစ်ခဲ့တဲ့ ၁၉နှစ်အရွယ် ကျောင်းသူလေး မဟုတ်တော့ဘူးဆိုတာကို တစ်ချိန်ချိန်မှာ သိလာရလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရှင့်အနားမှာရှိနေတဲ့ ရှင့်ဇနီးက တစ်ချိန်က ရှင်လက်ထပ်ခွင့်တောင်းခဲ့တဲ့ ၂၂ နှစ်အရွယ် ထက်မြက်လှပတဲ့ မိန်းကလေးတစ်ယောက်မဟုတ်တော့ဘူးဆိုတာကို တစ်ချိန်ချိန်မှာ သိလာရလိမ့်မယ်။

ရှင့်အနားမှာရှိနေတဲ့ ရှင့်ဇနီးက ရှင့်ကို မိသားစုဘဝလေးဆောင်ကြဉ်းပေးတဲ့၂၄ နှစ်အရွယ် တစ်သားမွေးတစ်သွေးလှ ကလေးအမေလှလှလေးတစ်ယောက် မဟုတ်တော့ဘူးဆိုတာကို တစ်ချိန်ချိန်မှာ သိလာရလိမ့်မယ်။

အချိန်ကာလက သူမရဲ့ ပုံစံတွေကို ပြောင်းလဲပြီး သူမရဲ့လှပနုပျိုမှုတွေကို တိုက်စားသွားလိမ့်မယ်။

အဲဒီလို တိုက်စားပြောင်းလဲသွားတဲ့အချိန်တိုင်းမှာလည်း အရင်ကနဲ့မတူတော့တဲ့ ရှင့်ဇနီးကို အချစ်မလျော့ဘဲ ပိုပိုချစ်နိုင်အောင် ကြိုးစားရလိမ့်မယ်။ ဒါဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ပါပဲ။ ဘဝရဲ့ ပျော်စရာအချိန်တွေကို အတူတူနေထိုင်ဖြတ်သန်းရင်း၊ အသက်အရွယ်တွေ ကြီးပြင်းအိုမင်းလာရင်း၊ ဘဝအကြောင်းတွေကို အတူတူရှာဖွေရင်းနဲ့ အိမ်ထောင်တစ်ခုကို ခိုင်မာအောင်တည်ဆောက်သွားကြသူတွေ အများကြီးပါ။

ဒါကြောင့် အမျိုးသမီးတစ်ယောက်ကို ချစ်မြတ်နိုးလို့ လက်ထပ်လိုက်ပြီဆိုတာနဲ့ တစ်ဘဝစာလုံးအဲဒီအမျိုးသမီးကိုပဲ ချစ်နိုင်အောင်ကြိုးစားပါ။ ဘာတွေဘယ်လိုပြောင်းပြောင်း ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ပေါ့။

သက်ဆိုင်သူကို mention ခေါ်ပြီးတော့ပဲဖြစ်ဖြစ်၊ Share ပြီးတော့ပဲဖြစ်ဖြစ် ဖတ်ခိုင်းလိုက်ပါဦးနော်။