မိန်းမသားတွေအိမ်ထောင်ကျသွားလည်း ဆက်ရစ်နေသေးတာက သိပ်ချစ်နေသေးလို့ပါ။

0
1397

မောင်ရေ…

ကျွန်မက မောင့်အပေါ်ရစ်လွန်းလို့ စိတ်ညစ်နေလား။ ဒါဆိုရင် ဒီအချက်လေးတွေကို ဖတ် ကြည့်လိုက်ပါဦးနော်။ တကယ်တော့….

  • တစ်ခုခုဖြစ်တိုင်း အရင်ကလိုပဲ မောင့်အပေါ် ထွက်ပေါက်ရှာမိတာ
  • မောင်မှားနေရင် အလျှော့မပေးဘဲ ပြန်ငြင်းခုံတာ
  • မောင်အလုပ်ထဲရောက်နေရင် ဆယ်လ်ဖီပုံတွေပို့မိတာ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • မောင်နဲ့ပတ်သက်လာရင် မျှော်လင့်ချက်တွေဘယ်တော့မှ မကုန်ဆုံးတာ
  • ရှော့ပင်းထွက်ချင်တဲ့အခါ မောင်လိုက်ပို့ပေးဖို့ အမြဲပူဆာမိတာ
  • မောင် ဒေါသထွက်တိုင်း အကျိုးအကြောင်းပြောပြီး ထိန်းသိမ်းပေးတာ

တွေဆိုတာ သေချာတွေးကြည့်ရင် မောင့်ကို ချစ်လို့ပါ။ အပျိုဘဝကတည်းက ကြိုက်လာတဲ့ ဆယ်လီတွေကို ဆက်ပြီး crush နေမိသေးတယ်ဆိုတာလည်း မောင့်ရဲ့သဝန်တိုတာလေးကို မြင်ချင် လို့ပါနော်။ ဒီလိုလှုပ်ခတ်စရာလေးတွေမှ မရှိရင် ကျွန်မတို့နှစ်ယောက်ကြားက အချစ်လေးတွေ သွေး အေးသွားမှာစိုးလို့ပါ မောင်ရေ။ ဒါကြောင့် မောင်လည်း အခုလိုကျွန်မရစ်နေတာလေးတွေကို အပြစ်မ မြင်ဘဲ နားလည်မှုလေးတွေနဲ့သာ ပိုပိုတိုးပြီးဆက်ချစ်နေပေးပါနော်။

ကဲ… သိစေချင်တဲ့သူရှိရင်လည်း သူ့ကို mention လေး ခေါ်လိုက်ပါဦးနော်။