မထိုက်တန်တဲ့ လူနဲ့ရှိနေတာထက်စာရင် Single ဖြစ်နေတာက ပိုကောင်းပါတယ်။

blank

စာချစ်သူတို့ရေ…

လူတိုင်းကတော့ တခြားသူတွေဆီကနေ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေကို မျှော်လင့်မိကြတာ သဘာဝပါ။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ မျှော်လင့်ထားသလို မဟုတ်ဘဲ မစစ်မှန်တဲ့ချစ်ခြင်းတွေကိုလည်း လက်ခံမိလိုက်ကြတယ်။ ဒါဟာ လုံးဝ အချစ်မရှိတာထက်စာရင် အချစ်လေးနည်းနည်းလေးရှိတာက ပိုကောင်းတယ်လို့ ထင်ကြလို့ပါ။

တကယ်တော့  ကိုယ့်အထီးကျန်ကွက်လပ်ကို ဖြည့်ဆည်းပေးမယ့်သူထက် ကိုယ့်နှလုံးသားဆန္ဒကို မျှဝေခံစားပေးမယ့် စစ်မှန်သူဖြစ်ဖို့က ပိုအရေးကြီးတာပါ။

အထီးကျန်ဘဝကို  ဘယ်သူမှမလိုချင်တာ မှန်ပေမယ့် မှားယွင်းတဲ့အချစ်ကို လက်ခံလိုက်တာထက်စာရင် အထီးကျန်နေတဲ့ဘဝကမှ ပိုကောင်းပါလိမ့်မယ်။ အရေးကြီးတာက ကိုယ့်ကိုယ်ကို အပြည့်အဝချစ်တတ်သူ ဖြစ်အောင် ကြိုးစားဖို့ပါပဲ။ ကိုယ့်ရဲ့ပျော်ရွှင်မှုကို အခြားတစ်ယောက်လက်ထဲ မအပ်နှံသင့်ပါဘူး။ ကိုယ့်ကိုယ်ကို အရင်ချစ်တတ်ဖို့၊ ကိုယ့်နှလုံးသားကို တန်ဖိုးထားပေးမယ့်သူဟာ ဘယ်သူလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့အချစ်နဲ့ မေတ္တာကို တန်ဖိုးမထားတဲ့သူတစ်ယောက်အပေါ်မှာ အချိန်တွေကို မဖြုန်းသင့်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တကယ်တော့ Single ဖြစ်နေခြင်းဟာ ကိုယ့်ရဲ့ရင့်ကျက်မှုနဲ့ ကိုယ့်အရည်အချင်းတွေကို ကောင်းကောင်းထုတ်ဖော်အသုံးချခွင့်ရနေတာပါ။ ကိုယ့်ကို ပြည့်ပြည့်ဝဝနားလည်မပေးနိုင်တဲ့ သူအတွက်နဲ့ ကိုယ့်အချိန်တွေ ဖြုန်းတီးရာလည်း မရောက်တော့ပါဘူး။

ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းအာရုံစိုက်နိုင်ရင် ပိုပြီး သန်မာလာမယ်၊ ယုံကြည်မှု ရှိလာမယ်၊ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်လာမယ်။

ဒါ့ကြောင့် ကိုယ့်ရဲ့တန်ဖိုးကို သေသေချာချာနားလည်ထားပါ။ ကိုယ်တကယ်လိုချင်တဲ့အရာက ဘာလဲဆိုတာ သိပါ။ ကိုယ့်တန်ဖိုးကို ဘယ်တော့မှ လျှော့မတွက်လိုက်ပါနဲ့။

လူတိုင်းက အချစ်စစ်နဲ့ ထိုက်တန်တဲ့အတွက် မထိုက်တန်တဲ့အချစ်နဲ့ ဆုံလာခဲ့ရင်လည်း ကိုယ့်ပျော်ရွှင်မှုကို အဆုံးရှုံးမခံဘဲ single ဘဝနဲ့ နေလိုက်ပါ။

စာချစ်သူ single လေးတွေရေ ခံစားချက်တွေ တူသွားရင် LIKE & SHARE လေး လုပ်လိုက်ပါဦးနော်။