ချစ်သူကို မဆုံးရှုံးချင်သူတွေအတွက် ရှောင်ကြဉ်သင့်တဲ့အရာများ

blank
စာချစ်သူတို့ရေ…..။

ရှုပ်ထွေးလှတဲ့ လူ့လောကကြီးမှာ ဘဝလက်တွဲဖော်နဲ့ တည်မြဲဖို့အတွက် အပြန်အလှန်နားလည်မှုတွေ အများကြီးလိုအပ်ပါတယ်။ တစ်ခါတလေ အချစ်ရေးမှာ နားလည်မှုမပေးနိုင်ရင် အချိန်ခဏလေးအတွင်း အရာရာ ပြိုကွဲသွားပြီး ချစ်တဲ့သူတွေကို ဆုံးရှုံးရတတ်ပါတယ်။

ချစ်သူကို ဆုံးရှုံးစေနိုင်တဲ့ အကြောင်းရင်းတွေကတော့…..

၁။ ကိုယ့်ချစ်သူကို ကိုယ့်အတွက်ပဲ ဖြစ်ရမယ်လို့ အပိုင်တွက်မိတဲ့အခါ….

ကိုယ်ဘယ်လောက်ဆိုးဆိုး ကိုယ့်ဘဝထဲကနေ ကိုယ့်ချစ်သူထွက်မသွားဘူးလို့ အမြဲယုံကြည်နေမယ်။ ကိုယ့်ကိုလည်း အမြဲတမ်းနားလည်ပေးနေမှာလို့ အပိုင်တွက်လိုက်မိတဲ့အခါ ချစ်သူကို ဆုံးရှုံးရတတ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ကိုယ့်ချစ်သူကို တန်ဖိုးထားမဆက်ဆံတဲ့အခါ….

ကိုယ့်ချစ်သူဟာ ဘယ်လိုအားနည်းချက်တွေ ရှိနေပါစေ မြတ်နိုးတန်ဖိုးထားပေးရမှာက ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။  ဒါပေမဲ့ ကိုယ့်ချစ်သူကို တန်ဖိုးမထားဘဲ နိမ့်ချဆက်ဆံမိတဲ့အခါ ဆုံးရှုံးရတတ်ပါတယ်။

၃။ ကိုယ့်ချစ်သူရဲ့ကြင်နာမှုကို အားနွဲ့တယ်လို့ ထင်လာတဲ့အခါ….

ကိုယ့်ချစ်သူက ကိုယ့်အပေါ် ကြင်ကြင်နာနာဆက်ဆံပေးတာကို အားနွဲ့တယ်လို့ မြင်လာမိတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖော်ကို ဆုံးရှုံးရတတ်ပါတယ်။

စာချစ်သူတို့လည်း ချစ်သူကို ဆုံးရှုံးစေနိုင်တဲ့ အကြောင်းရင်းတွေကို ရှောင်ရှားရင်း သာယာတဲ့အချစ်ရေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။