သင့်စိတ်နှလုံးငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပေးမယ့် အဖိုးတန်အတွေးအမြင်များ

၁။ ဒေါသတွေကနေ ဝေးဝေးရှောင်ပါ။ ဒေါသစိတ်တွေက သင့်ကိုပဲ ပူလောင်စေတာပါ။

၂။ သင်မှန်နေတယ်ဆိုရင် ဒေါသထွက်စရာမလိုပါဘူး။ သင်မှားနေတယ်ဆိုရင်လည်း ဒေါသထွက်ခွင့်မရှိဘူးလေ။

၃။ မိသားစုဝင်တွေအပေါ် စိတ်ရှည်တာက “ချစ်ခြင်းမေတ္တာ” ရှိလို့ပါ။

သူစိမ်းတွေအပေါ် စိတ်ရှည်တာက “လေးစားမှု” ရှိလို့ပါ။

ကိုယ့်ကိုယ်ကိုအပေါ် စိတ်ရှည်တာက “ကိုယ့်ကိုယ်ကို  ယုံကြည်မှု” ရှိလို့ပါ။

ဘုရားတရားအပေါ် စိတ်ရှည်တာက “သက်ဝင်ယုံကြည်မှု” ရှိလို့ပါ။

၎။ အတိတ်တွေအကြောင်းသိပ်မတွေးနဲ့၊ မျက်ရည်ကျရလိမ့်မယ်။

အနာဂတ်အကြောင်းသိပ်မတွေးနဲ့၊ တွေးကြောက်ရလိမ့်မယ်။

ပစ္စုပ္ပန်ကိုပဲ အပြုံးလေးနဲ့ ဖြတ်သန်းပါ၊ ပျော်ရွှင်မှုတွေ ရလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ဘဝမှာ ကြုံလာသမျှစမ်းသပ်မှုတွေက သင့်ကို ပိုကောင်းအောင် ဒါမှမဟုတ် ပိုဆိုးအောင်လုပ်လိမ့်မယ်။

သင့်ဆီကိုရောက်လာသမျှပြဿနာတွေက သင့်ကို တည်ဆောက်ပေးလိမ့်မယ်၊ ဒါမှမဟုတ် ဖြိုချပစ်လိမ့်မယ်။

အောင်နိုင်သူဖြစ်ချင်လား၊ ကျရှုံးသူဖြစ်ချင်လား… သင့်ရွေးချယ်မှုအပေါ် မူတည်နေပါတယ်။

၆။ လှပတဲ့အရာတိုင်းက မကောင်းဘူး။ ဒါပေမဲ့ ကောင်းတဲ့အရာတိုင်းကတော့ လှပနေတတ်ပါတယ်။

၇။ သင့်လက်ချောင်းတွေကြားမှာ ဘာလို့ ကွက်လပ်လေးတွေပါတာလဲသိလား။ သင့်အတွက် အရေးပါတဲ့သူတစ်ယောက် သင့်ဘဝထဲကိုရောက်လာပြီး အဲဒီကွက်လပ်တွေကိုဖြည့်၊ သင့်လက်ကို ဆုပ်ကိုင်ဖို့ပေါ့။

၈။ ပျော်ရွှင်မှုတွေက သင့်ဘဝကို ချိုမြိန်စေပါတယ်။ ဒါကြောင့် ကိုယ့်စိတ်အတွင်းကနေ ပျော်ရွှင်မှုတွေဖြစ်တည်လာအောင် တတ်နိုင်သလောက်ကြိုးစားပါ။

၉။ လူသားအားလုံးအတွက် လက်တွဲဖော်ဆိုတာ ရှိပါတယ်။ ဖူးစာကံပါလာရင် သင့်တော်တဲ့သူနဲ့ တွေ့ကိုတွေ့မှာပါ။ အခြေအနေနဲ့ အချိန်အခါအမှန်ကို စောင့်နေလိုက်ပါ။

ဒီစာသားလေးတွေနဲ့ ကိုယ့်ကိုယ်ကို စိတ်ခွန်အားပေးပါ။ သူငယ်ချင်းတွေအတွက်လည်း SHARE ပေးပြီး စိတ်ခွန်အားတွေ ပေးလိုက်ပါ။