အချိန်တိုင်း ကြိုးစားရုန်းကန်နေသူကြီးဖတ်ဖို့…

blank

ကြိုးစားရုန်းကန်ခြင်းဆိုတာ အမှန်တကယ်ကို ပင်ပန်းပါတယ်။ တစ်ခါတလေကျရင် လက်လျှော့လိုက်ရင် အကောင်းသားလို့ မင်းတွေးမိကောင်းတွေးမိလိမ့်မယ်။ ဒါပေမဲ့ မင်းသိလား ရုန်းကန်တဲ့အခါမှာ အမာရွတ်တွေထင်ကျန်ခဲ့တယ်ဆိုရင်တောင် နောင်တစ်ချိန်မှာ မင်းကို ဂုဏ်ယူစေလိမ့်မယ်။

တစ်နေ့ချင်းစီမှာ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ဖို့ မင်းကြိုးစားခဲ့တယ်ဆိုတာကို အမှတ်အသားပြုနေတဲ့ ဒဏ်ရာအနာတရတွေကို မင်းမျက်ကွယ်မပြုပါနဲ့။

ဆက်လျှောက်ပါ။

ခရီးလမ်းအဆုံးမှာ မင်းအတွက်လှပခြင်းတွေ စောင့်မျှော်နေတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။