သင့်ကလေး ငွေကြေးစီမံခန့်ခွဲနိုင်ဖို့ သင်ကြားပေးသင့်တဲ့ နည်းလမ်းကောင်း (၅)သွယ်

blank

စာချစ်သူတို့ရေ …

သင့်ကလေး အရွယ်ရောက်လာတဲ့အခါ ငွေကြေးကိုကောင်းစွာ စီမံခန့်ခွဲနိုင်သူဖြစ်စေချင်ရင် ငယ်စဉ်ကတည်းက အမူအကျင့်ကောင်းလေးတွေကို မွေးမြူပေးသင့်ပါတယ်။ ဒါကြောင့် ကလေးတွေ ကို သင်ကြားပေးသင့်တဲ့ ငွေကြေးဆိုင်ရာ နည်းလမ်းကောင်းလေးတွေကို မျှ ဝေပေးလိုက်ပါတယ်။

၁။ အလေ့အကျင့် လုပ်ပေးပါ။

ငယ်စဉ်ကတည်းက ငွေကြေးဆိုင်ရာ သင်ခန်းစာတွေကို ဖြည်းဖြည်းချင်း မိတ်ဆက်ပေးပါ။ ငွေ ကို မှန်ကန်အောင် ရေတွက်နိုင်ဖို့ သင်ကြားပေးပါ။ ငွေအကြွေတွေကအစ တန်ဖိုးထားတတ်အောင် သင်ကြားပေးပါ။

၂။ လိုချင်တာနဲ့ လိုအပ်တာကို ကွဲကွဲပြားပြား သိအောင်လုပ်ပေးပါ။

ငွေကို ချင့်ချင့်ချိန်ချိန် အသုံးပြုနိုင်အောင် လုပ်ပေးပါ။ တကယ်လိုချင်တဲ့အရာနဲ့ မရှိမဖြစ်လို အပ်တဲ့အရာက ဘာလဲဆိုတာ ကွဲကွဲပြားပြားသိအောင် သင်ကြားပေးပါ။ နားလည်လွယ်အောင် ဥပမာ လေးတွေနဲ့ သင်ကြားပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ရည်မှန်းချက်နဲ့ ငွေစုတတ်အောင် သင်ပေးပါ။

ငွေကြေးနဲ့ ပတ်သက်ပြီး စည်းကမ်းတကျရှိစေချင်ရင် ငွေစုတတ်ဖို့ သင်ကြားပေးပါ။ ရည်မှန်း ချက်တစ်ခုထားပြီး အချိန်ကာလတစ်ခုအတွင်း လိုချင်တဲ့ ငွေပမာဏရတဲ့အထိ ငွေစုတတ်အောင် သင် ကြားပေးပါ။

၎။ မုန့်ဖိုးပေးပါ။

မုန့်ဖိုးမှန်မှန်ပေးရင်း ငွေစုတဲ့ အလေ့အကျင့်ရအောင် မွေးမြူပေးပါ။ ငွေစုတတ်တဲ့ အလေ့အ ကျင့်ကောင်းလေးတွေကို ချီးကျူးပေးပါ။

၅။ ရှိတဲ့ဘတ်ဂျက်ငွေနဲ့ ဈေးဝယ်တတ်အောင် သင်ပေးပါ။

ချပေးလိုက်တဲ့ ဘတ်ဂျက်ငွေနဲ့ လုံလောက်အောင် ဈေးဝယ်တတ်ဖို့ လေ့ကျင့်ပေးပါ။ လျှော့ ဈေးနဲ့ ဈေးဝယ်ခွင့်ကူပွန်စတာတွေ သုံးပြီး သက်သက်သာသာနဲ့ ဈေးဝယ်တတ်အောင် သင်ကြားပေး ပါ။

ဒီစာစောင်လေးက ဗဟုသုတ တစ်ခုခုရတယ်ဆိုရင် ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။