သင်သာလျှင် သင့်အိပ်မက်ကို ဖန်တီးသူ ဖြစ်ပါစေ။

blank

စာချစ်သူတို့ရေ….

ကမ္ဘာကြီးမှာ လူအနည်းစုကသာ မိမိနှလုံးသားရဲ့ဆန္ဒတွေကို လိုက်လုပ်ဖို့ ခွန်အားရှိကြတာပါ။ ဒါကြောင့် သင့်စိတ်ကူးအိပ်မက်တွေကို တစ်ကိုယ်တည်း ဖန်တီးဖို့အတွက် ပြင်ဆင်ထားပါ။

အမှန်တကယ်တော့ သင့်အိပ်မက်ခရီးက ဘယ်လောက်ရှည်ကြာမလဲဆိုတာ ခန့်မှန်းလို့ မရပါ ဘူး။ သင့်စိတ်ကူးအိပ်မက်တွေနဲ့ ဝါသနာတွေနောက်ကို တစ်ကိုယ်တည်း လိုက်ရတဲ့အခါမျိုးမှာ အထီး ကျန်မှုတွေ ခံစားရနိုင်ပါတယ်။ ဒါကတော့ ပုံမှန်ဖြစ်နေကြအရာမို့လို့ အားတင်းထားလိုက်ပါ။

အောင်မြင်မှုလမ်းကြောင်းဆိုတာ တကယ်တော့ ခရီးရှည်တစ်ခုပါ။ ဒါပေမဲ့ လူအများစုက မိမိ နှလုံးသားရဲ့ဆန္ဒအတိုင်း စိတ်ကူးအိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့အထိ မရဲရင့်ကြ ပါဘူး။
သင်အသည်းကွဲပြီးနောက် သင့်ဦးနှောက်က စတင်အလုပ်လုပ်လေ့ရှိပါတယ်။ အဲ့ဒီအချိန်မျိုးမှာ အချိန်ဖြုန်းမနေဘဲ သင့်အိပ်မက်ကို အကောင်ထည်ဖော်နိုင်မယ့် ခရီးရှည်တစ်ခုကို စတင်လိုက်ပါ။ ဘာ ဖြစ်လို့လဲဆိုတော့ စွန့်စားမှုတွေကို ထမ်းပိုးပြီး တစ်ယောက်တည်း ရဲရဲရင့်ရင့် ခရီးနှင်ရမှာမို့ အဲ့ဒီအချိန် က အချိန်ကောင်းတစ်ခုပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဲ့ဒီခရီးက ထင်ထားတာထက် ပိုပြီးလည်း ခက်ခဲကြမ်းတမ်းနိုင်တာကြောင့် သင့်ကိုယ်သင် အရည်အချင်းပြည့်ဝပြီး စိတ်ဓာတ်ကြံ့ခိုင်အောင် ပြင်ဆင်ထားရမှာပါ။ သင့်အိပ်မက်ပန်းတိုင်ဆီသွား မယ့် ခရီးလမ်းမှာ အခြားသူတွေက ပါရမီဖြည့်ပေးဖို့ မမျှော်လင့်ထားပါနဲ့။ လူတိုင်းမှာ အိပ်မက်ကိုယ်စီ ရှိတာမို့ ကိုယ့်ခရီး၊ သူ့ခရီး ကိုယ်စီ ခရီးကြမ်းနှင်နေကြတာမို့ပါ။

ဒါကြောင့် သင့်အိမ်မက်ပန်းတိုင်ဆီသွားတဲ့ ခရီးအတွက် သင်ကိုယ်တိုင်က ဧည့်လမ်းညွန် တစ်ယောက် ဖြစ်ပါစေ။ သင့်အိမ်မက်တွေကို ဖန်တီးနိုင်ဖို့ သင်ကိုယ်တိုင်က နတ်သမီးတစ်ယောက် ဖြစ်ပါစေ။

ဒါကြောင့် ရဲရင့်ပါ။ ဆက်လျှောက်ပါ။ နောက်ပြန်မလှည့်ပါနဲ့။

ဒီစာစောင်ကိုဖတ်ပြီး စိတ်ဓာတ်ခွန်အားတွေရတယ်ဆိုရင် SHARE လိုက်ပါဦးနော်။