မောင်လေးတွေနဲ့ ဒိတ်လုပ်ရင် ဒီလိုလေးတွေဖြစ်တတ်တယ်။

blank

ဂန္ထဝင်စာချစ်သူမမတို့ရေ….။

ချစ်ရေးဆိုထားတဲ့ မောင်လေးတွေကို ခေါင်းညိတ်ရမလား၊ လက်ခံလိုက်ရင်ကောင်းမလားလို့ တွေဝေစဉ်းစားနေလား။ ဒါမှမဟုတ် မိမိထက် အသက်ငယ်တဲ့မောင်လေးတစ်ယောက်နဲ့ ချစ်သူဖြစ်နေလား။ လေ့လာသူတွေကတော့ မိမိထက်ငယ်ရွယ်တဲ့ မောင်လေးတစ်ယောက်နဲ့ ဒိတ်လုပ်တယ်ဆိုရင် အောက်ပါကောင်းကျိုးလေးတွေရှိနေတယ်လို့ဆိုပါတယ်။

၁။ မောင်လေးတွေဟာ အသက်အရွယ်အရကော၊ ဘဝအတွေ့အကြုံအရပါ သူတို့ထက် သာလွန်တဲ့ သင့်ကို  “မမ” “မမ” လို့ခေါ်ပြီး ယုံကြည်အားကိုးတဲ့အတွက် မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုတွေ ပိုပြီးတိုးပွားပါလိမ့်မယ်။

၂။ အသက်အရွယ်ငယ်တဲ့မောင်လေးတွေနဲ့အတူ ခေတ်ရေစီးကြောင်းမှာဖြစ်ပျက်နေတဲ့အရာတွေကို သင်ယူလေ့လာရင်း ပေါ့ပါးပျော်ရွှင်လာမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ဘဝရဲ့ နေ့ရက်တွေကို လူငယ်ဆန်ဆန်ဖြတ်သန်းရင်း အတွေ့အကြုံအသစ်တွေကို စူးစမ်းလေ့လာခွင့်ရမယ်။

၎။ မိမိကိုယ်ကိုယ်မိမိ ငယ်ရွယ်တယ်လို့ ခံစားရပြီး ရင်ခုန်သံတွေလည်း ပျိုမြစ်နုပျိုလာမယ်။

၅။ စိန်ခေါ်မှုတွေကို နှစ်သက်တဲ့ မောင်လေးတွေနဲ့ ဒိတ်လုပ်နေတဲ့အခိုက်မှာ စိန်ခေါ်မှုအသစ်တွေကို လုပ်ကြည့်ရင်း ပျော်ရွှင်လာမယ်။