သင့်တိုးတက်မှုကို ဟန့်တားနှောင့်ယှက်နေတဲ့သူဆိုတာ…

blank

တစ်ရက်မှာ ဝန်ထမ်းအားလုံးရုံးရောက်လာတော့ ကုမ္ပဏီတံခါးဝမှာ ကပ်ထားတဲ့ကြေညာချက် တစ်ရပ်ကို တွေ့လိုက်ကြရပါတယ်။ ရေးထားတဲ့စာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“ ဒီကုမ္ပဏီမှာ သင့်တိုးတက်မှုကို ဟန့်တားနှောင့်ယှက်နေတဲ့လူဟာ မနေ့ကပဲ သေဆုံးသွား ခဲ့ပါပြီ။ သူ့ဈာပနကို အားကစားခန်းမထဲမှာ ပြင်ဆင်ထားပါတယ်။ သိချင်ရင် သွားကြည့်ပါ”

ဝန်ထမ်းတွေဟာ သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆုံးသွားပြီဆိုတဲ့အသိနဲ့ ရုတ်တရက် တော့ စိတ်မကောင်းဖြစ်သွားကြတယ်။ ဒါပေမဲ့ သူတို့ရဲ့တိုးတက်မှုကို ဟန့်တားနှောင့်ယှက်နေတဲ့သူ ဘယ်သူပါလိမ့်လို့ သိချင်စိတ်နဲ့ အားကစားခန်းမထဲကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ အုံးအုံးကြွက်ကြွက် ရောက်သွားကြတယ်။ ပြီးတော့ တစ်ယောက်ချင်းစီ စိတ်လှုပ်ရှားစွာနဲ့ ခေါင်းတလားဆီ ချဉ်းကပ်သွား ကြတယ်။ အခေါင်းထဲငုံ့ကြည့်လိုက်တဲ့အခါ ကြည့်လိုက်တဲ့သူဟာ ဆွံ့အတိတ်ဆိတ်သွားတယ်။ သူတို့ ရဲ့ အနက်ရှိုင်းဆုံးနှလုံးသားတစ်နေရာမှာ ထိခိုက်သွားတဲ့သူလိုပေါ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တကယ်တော့ အခေါင်းထဲကို ငုံ့ကြည့်တဲ့သူတိုင်းတွေ့ကြရတာက မှန်တစ်ချပ်ပါပဲ။ အဲ့ဒီမှန်ထဲ မှာ သူတို့ရုပ်ကို သူတို့ပြန်မြင်ကြရတယ်။ မှန်ဘေးမှာ ရေးထားတာက “တကယ်တော့ သင့်တိုးတက်မှု ကို ဟန့်တားနှောင့်ယှက်ထားတဲ့သူဟာ တခြားသူ မဟုတ်ပါဘူး။ သင်ကိုယ်တိုင်ပါပဲ” တဲ့။

စာချစ်သူတို့ရေ…

ဒီအဖြစ်လေးက ပေးတဲ့သင်ခန်းစာလေးက အဓိပ္ပာယ်ရှိလှပါတယ်။ သင့်ဘဝကို ပြောင်းလဲပေး နိုင်တဲ့ပုဂ္ဂိုလ်က သင်ကိုယ်တိုင်ပါပဲ။ သင့်ပျော်ရွှင်မှု၊ သင့်အောင်မြင်မှုတွေကို တည်ဆောက်ပေးနိုင်သူ ကလည်း သင်ပါပဲ။ ဘယ်သူတွေက ဘယ်လောက်ပြောင်းလဲပေးပေး သင်ကိုယ်တိုင်ပြောင်းလဲဖို့ မကြိုး စားရင် သင့်ဘဝကလည်း ပြောင်းလဲမှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်လက်ရှိဘဝကို အောင်မြင်အောင် ပြောင်းလဲပစ်ချင်တယ်ဆိုရင် သင့်ကိုယ်သင်ကောင်းမွန်တဲ့ကြိုးစားမှုတွေနဲ့ အောင်မြင်မှုလမ်းကြောင်း ပေါ် တွန်းပို့ပေးလိုက်ပါနော်။

စိတ်ဓာတ်ခွန်အားတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦး။