ဘယ်သူ့ကိုပဲဖြစ်ဖြစ် သင့်အပေါ် ဒီလိုပုံစံမျိုးစွက်ဖက်တာတွေကို လက်မခံပါနဲ့

blank
Portrait of Beauty young woman sitting in the park

သင့်ဘဝရဲ့ ဖြစ်ပျက်သမျှကိစ္စတွေအားလုံးကို စီမံဆုံးဖြတ်နိုင်သူက သင်ကလွဲပြီး ဘယ်သူမှဖြစ်လို့မရပါဘူး။ အရွယ်မရောက်ခင်ထိ လူကြီးမိဘတွေရဲ့ ထိန်းကွပ်မှုအောက်မှာ နေရပေမဲ့ အရွယ်ရောက်လာချိန်မှာတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်သင့်ပါပြီ။

ဘဝခရီးလမ်းမှာ လျှောက်လှမ်းနေသရွေ့ လူပေါင်းစုံနဲ့ ပတ်သက်ရလိမ့်မယ်။ တချို့လူတွေက သင့်ဘဝကို ဝင်စွက်ဖက်ရင်း သင့်ကို နောက်ပြန်ဆွဲလိမ့်မယ်။ ဒီတော့ သင့်ကိုယ်သင် အဆိုးမြင်စိတ်တွေမဝင်အောင် ကာကွယ်ဖို့၊ ပြီးတော့ သူတစ်ပါး ပယောဂကြောင့် ကိုယ့်ရဲ့ဘဝလမ်းကြောင်း သွေဖယ်မသွားစေဖို့ ဘယ်သူ့ဘယ်သူကိုမှ သင့်ဘဝကို ဝင်ရောက်မစွက်ဖက်ပါစေနဲ့။

တခြားသူတွေ သင့်အပေါ်ကို အောက်မှာဖော်ပြထားတဲ့လုပ်ရပ်တွေအတိုင်း ပြုမူလာမယ်ဆိုရင် လုံးဝ လက်မခံပါနဲ့။

၁။ အဓိပ္ပာယ်မရှိတဲ့ စကားရည်လုပွဲတွေထဲ ဆွဲခေါ်တာမခံပါနဲ့။ သင့်အချိန်တွေ၊ သင့်စကားလုံးတွေ အားလုံးက တန်ဖိုးရှိပါတယ်။

၂။ သင့်ရဲ့ အတိတ်အကြောင်းကို ပြန်ဆွပြီး အရှက်ရစေမယ့်လုပ်ရပ်တွေကို လက်မခံပါနဲ့။ သင့်အတိတ်က ဘယ်လိုရှိရှိ၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကပဲ အရေးကြီးတာပါ။

၃။ သင့်ကို လိမ်လည်လှည့်ဖြားတဲ့လုပ်ရပ်မျိုး လက်မခံပါနဲ့။ သူများပြောတဲ့ အလိမ်အညာစကားကို သိသိကြီးနဲ့ လက်ခံလိုက်တာဟာ ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်ခြင်းတစ်မျိုးပါပဲ။

၎။ မပြောင်းလဲဖို့တိုက်တွန်းလာတာကို လက်မခံပါနဲ့။ ပြောင်းလဲမှုတိုင်းမှာ ကောင်းကျိုးတွေ ရှိပါတယ်။ သင်က အဲဒီကောင်းကျိုးတွေကို အရယူတတ်ဖို့ပဲ လိုတာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သင့်ဝါသနာတွေကို တားဆီးပိတ်ဆို့တာမျိုး လက်မခံပါနဲ့။ သင့်ဝါသနာနဲ့ သင့်ပျော်ရွှင်မှု ဆက်စပ်နေပါတယ်။ ဒါပေမဲ့ ကောင်းတဲ့ဝါသနာဖြစ်ဖို့တော့လိုတာပေါ့။

၆။ သင့်မှာပိုင်ဆိုင်ထားတာတွေထက် ပိုလိုအပ်နေသေးတယ်လို့ပြောလာတာကို လက်မခံပါနဲ့။ ဘဝမှာ အရေးအကြီးဆုံးက ကိုယ်ပိုင်ဆိုင်ထားတာတွေအတွက် ကျေးဇူးတင်စိတ်ရှိဖို့၊ ပြီးတော့ ရှိတာလေးတွေနဲ့ အကောင်းဆုံးကြိုးစားတတ်ဖို့ မဟုတ်လား။

၇။ သင့်ကို အတင်းကြီးစွန့်စားခိုင်းတာမျိုး လက်မခံပါနဲ့။ စွန့်စားမှ အောင်မြင်မယ်ဆိုတာ မှန်ပေမဲ့ သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ စွန့်စားဖို့သင့်မသင့် ဝေဖန်သုံးသပ်ပါ။

၈။ သင့်အလုပ်တွေအပေါ်မှာ ဝင်ရောက်စွက်ဖက်နေတာမျိုး လက်မခံပါနဲ့။ အခက်အခဲတွေ့လာရင် ကိုယ်တိုင်ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ “ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား” ဆိုတဲ့စကားတွေကို နားမယောင်ပါနဲ့။

၉။ သင့်စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်မှာကို တားမြစ်လာရင် လက်မခံပါနဲ့။ ဘယ်လိုအခြေအနေပဲရောက်ရောက် သင့်စိတ်ကူးအိပ်မက်တွေကို ရအောင် အကောင်အထည်ဖော်ပါ။

၁ဝ။ “ဟိုသူငယ်ချင်းနဲ့ မပေါင်းနဲ့၊ ဒီလူနဲ့ မပေါင်းနဲ့” ဆိုပြီး အပေါင်းအသင်းကဏ္ဍတွေကို ဝင်ရောက်စွက်ဖက်လာရင် လက်မခံပါနဲ့။ သင့်ဘဝကို ပိုပြီးအရောင်စုံစေတဲ့သူကိုပဲ သင့်မိတ်ဆွေ အဖြစ်လက်ခံပါ။

သင့်ဘဝမှာရော သင့်ကို သူများတွေလုပ်တာလုံးဝမကြိုက်တဲ့ လုပ်ရပ်မျိုးရှိလား။ ပြောပြခဲ့ပါဦးနော်။