မေ့လျော့တတ်ခြင်းမှာလည်း အားသာချက်လေးတွေရှိနေတယ်။

blank
Cheerful Smart Casual Woman Celebrating

သင့်လုပ်ဖော်ကိုင်ဖက်အသစ်ရဲ့အမည်ကို မကြာခဏမေ့နေမိသလား။

ဈေးဝယ်ထွက်တိုင်းလည်း အဓိကဝယ်ချင်တဲ့ပစ္စည်းကို အမြဲမေ့သွားတတ်လား။

အဲ့ဒီအတွက် စိတ်အနှောင့်အယှက်ဖြစ်နေမိတယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတာလေး တွေကို ဆက်ဖတ်ကြည့်ဖို့ လိုလာပါပြီနော်။

လူတိုင်းကတော့ ဘာကိုမဆိုအသေးစိတ်မှတ်မိနေတတ်သူတွေရဲ့ ဉာဏ်ရည်ကို အားကျလေ့ရှိ ပါတယ်။ အရာရာကို အမြဲမှတ်မိနေတာကလည်း ကောင်းပါတယ်။ ဒါပေမဲ့ လေ့လာတွေ့ရှိချက်အသစ် အရ မေ့တတ်တာကလည်း ဉာဏ်ကောင်းတဲ့သူတွေထက် ပိုကောင်းတဲ့အားသာချက် ရှိနေတယ်လို့ဆို ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်ရပ်တစ်ခုရဲ့အစအဆုံးကို အသေးစိတ်မှတ်မိနေအောင် ထိန်း သိမ်းထားရတာထက် အရေးကြီးတဲ့အဓိကအစိတ်အပိုင်းတွေကိုပဲ သေချာမှတ်မိနေအောင် မှတ်သား တာက ဦးနှောက်ကို ပိုကျန်းမာစေလို့ပါ။ အရေးမကြီးတဲ့အဟောင်းတွေကို မေ့ပစ်ပြီး အရေးကြီးတဲ့ အ ချက်အလက်အသစ်တွေကိုသာ သိုလှောင်ရခြင်းအားဖြင့် ဦးနှောက်အနေနဲ့လည်း ဖိစီးမှုသက်သာရာ ရစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါဟာ မှတ်ဉာဏ်ကောင်းတာက မေ့တတ်တာလောက် မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါ ဘူး။ မေ့တတ်ခြင်းကလည်း ဦးနှောက်အတွက် အားသာချက်လေးတွေရှိနေတာကြောင့် စိတ်ပျက်စရာ မဟုတ်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါပေမဲ့ မေ့ပစ်လို့မဖြစ်တဲ့အရေးကြီးအချက်အလက်တွေရှိရင် တော့ စာရွက်ပေါ်ချရေးထားတာ အကောင်းဆုံးဆိုတာလေးလည်း အကြံပြုလိုက်ပါရစေနော်။

သိမှတ်စရာလေးတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။