တကယ်ချစ်တဲ့စုံတွဲအများစုက facebook ပေါ်မှာ အချစ်ရေးတွေသိပ်မတင်ဖြစ်ကြဘူး။

blank

အဓိကအကြောင်းရင်းကတော့ အချိန်ကုန်ခံပြီး စာတွေအများကြီးရေး၊ post တွေတင်နေမယ့်အစား နှစ်ယောက်အတူတူ သီးသန့်အချိန်ပေးပြီး လက်တွေ့ဘဝရဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုတွေကို ရှာဖို့ ပိုပြီး စိတ်အားထက်သန်ကြလို့ပါပဲ။ ဒီအချက်တင်မကပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကြောင့်လည်း တကယ်ပျော်ရွှင်သာယာနေတဲ့စုံတွဲတွေက social media ပေါ်မှာ စာတွေ သိပ်မတင်ကြပါဘူး။

၁။ ချစ်သူနှစ်ယောက် ပျော်ရွှင်ဖို့အတွက် အခြားသူတွေကို အသိပေးစရာမလိုဘူးလို့ ယူဆကြလို့ပါ။

        နှစ်ယောက်အတူတူ တွေ့သမျှ၊ သွားသမျှ၊ စားသမျှတွေ၊ ပျော်ရွှင်ခဲ့ရသမျှတွေကို ပုံတွေတကူးတကရိုက်တင်ပြီး သူများတွေသိအောင် ပြောစရာမလိုဘူးလို့ ယူဆကြပါတယ်။ တကယ်သာယာတဲ့ ချစ်သူတွေဟာ သူတို့ပျော်ရွှင်နေပါတယ်ဆိုတဲ့အကြောင်းကို သူများသိအောင် မပြောတတ်ကြပါဘူး။

၂။ တကယ်ပျော်နေတဲ့ အခိုက်အတန့်တွေမှာ ဓာတ်ပုံရိုက်ဖို့တောင် အချိန်မရကြလို့ပါ။

ချစ်သူနှစ်ယောက် တကယ်ပျော်ရွှင်နေတဲ့အချိန်တွေမှာ ဓာတ်ပုံရိုက်ဖို့တောင် အချိန်မရဘူး။ အဲဒါကို တကယ်သာယာနေတဲ့ ချစ်သူတွေပဲသိတယ်။ Facebook ပေါ် တကူးတကပုံတင်ဖို့ဆို ပိုလို့တောင် ဝေးသေးတယ်။ ကြည်နူးစရာ အချိန်လေးတွေကို အနှောင့်အယှက်မခံနိုင်တာလည်း ပါပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ Facebook ပေါ်မှာ တက်ပြီး ရန်ဖြစ်တာက အဓိပ္ပာယ်မရှိဘူးလို့ ထင်ကြလို့ပါ။

ချစ်သူစုံတွဲတိုင်းမှာ ကတောက်ကဆလေးတွေတော့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်ချစ်တဲ့၊ တကယ်သာယာနေတဲ့ စုံတွဲတွေကတော့ ပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိကြပါတယ်။ ပြီးတော့ facebook ပေါ်မှာ ပို့စ်တွေတင်ပြီး တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်စိတ်ကောက်နေမှာထက် အလျှော့ပေးပြီး ချော့လိုက်တာက ပိုပြီးထိရောက်မှန်း သိကြလို့ပါပဲ။

၎။ သူတို့တကယ် သာယာနေပါတယ်ဆိုတဲ့အကြောင်းကို သူများတွေကို သက်သေပြစရာမလိုဘူးလို့ ထင်လို့ပါ။

တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြပြီး နှစ်ယောက်သား တကယ်ပျော်ရွှင်နေကြရင် ပြီးရော၊ ဘယ်သူ့ကိုမှ ပြောပြနေစရာမလိုဘူး၊ သက်သေပြနေစရာမလိုဘူးလို့ ထင်ထားကြပါတယ်။ ဒါဟာ တကယ်ပျော်ရွှင်သာယာတဲ့ စုံတွဲတွေမှာ တွေ့ရလေ့ရှိတဲ့ အမူအကျင့်လေးလည်းဖြစ်ပါတယ်။

        သင်နဲ့ သင့်ချစ်သူက ပျော်ရွှင်သာယာတဲ့စုံတွဲဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါဦး။