စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ကမ္ဘာကျော်ဒဿနများ

blank

၁။ လူတိုင်းကတော့ အောင်မြင်ချင်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ကန့် သတ်မထားဘဲ တကယ်လုပ်တဲ့သူအနည်းစုကသာ အောင်မြင်မှုကို ရရှိကြတယ်။

၂။ စစ်မှန်တဲ့အောင်မြင်မှုဆိုတာ မအောင်မြင်မှာကြောက်စိတ်ကို ကျော်လွှားပစ်နိုင်ခြင်းပါပဲ။

၃။ အသက်ရှင်သန်ဖို့တစ်ခုတည်းသော နည်းလမ်းက တိုးတက်အောင်နေပါ။ တိုးတက်ဖို့ တစ်ခုတည်း သောနည်းလမ်းက ပြောင်းလဲမှုတွေပြုလုပ်ပါ။ ပြောင်းလဲဖို့ တစ်ခုတည်းသောနည်းလမ်းက အမြဲသင် ယူနေဖို့ပါပဲ။

၎။ တစ်ခုခုကို မနှစ်သက်ရင် ပြောင်းလဲပစ်ပါ။ မပြောင်းလဲနိုင်ရင် သင့်အတွေးကို ပြောင်းလဲလိုက်ပါ။

၅။ အမှားတွေပြုရင်းအချိန်ကုန်တာက ဘာမှမလုပ်ဘဲ အချိန်ကုန်တဲ့ဘဝထက် ပိုတန်ဖိုးရှိပါတယ်။

၆။ အချိန်ဆိုတာ စောင့်နေသူအတွက် ပိုနှေးတယ်။ ကြောက်နေသူအတွက် ပိုမြန်တယ်။ ဝမ်းနည်းပူ ဆွေးနေသူအတွက် ရှည်ကြာလွန်းပြီး ပျော်ရွှင်နေသူအတွက်တော့ တိုတောင်းလွန်းပါတယ်။ ချစ်နေ သူအတွက်တော့ ထာဝရပါပဲ။

၇။ အဓိပ္ပာယ်မဲ့ရှင်သန်နေရတာထက် အဓိပ္ပာယ်ရှိတဲ့ သေခြင်းတရားနဲ့သေရတာက ပိုကောင်းပါတယ်။

၈။ မပြောင်းလဲနိုင်တဲ့အရာတွေကို လက်ခံနိုင်တဲ့တည်ငြိမ်မှု၊ ပြောင်းလဲနိုင်တဲ့အရာတွေကို ပြောင်းလဲ ရဲတဲ့သတ္တိနဲ့ မတူညီမှုတွေကို နားလည်တဲ့ဉာဏ်ပညာဆိုတာ ဘုရားပေးတဲ့ဆုလာဘ်တွေပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၉။ လူအများစုဟာ နားလည်ဖို့ဇောနဲ့နားမထောင်ကြဘဲ တုံ့ပြန်လိုဇောနဲ့ နားထောင်လေ့ရှိကြတယ်။

၁ဝ။ တကယ့်ဆင်းရဲခြင်းဆိုတာ ငတ်မွတ်ခြင်း၊ အိမ်ခြေရာမဲ့ခြင်းနဲ့ ပိုင်ဆိုင်မှုနတ္ထိဖြစ်ခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ချစ်ခင်သူမရှိ၊ ဂရုစိုက်သူမဲ့တဲ့ဘဝကို ဆိုလိုတာပါ။ အဲ့ဒီဆင်းရဲခြင်းကို တိုက်ဖျက်ဖို့ဆို ရင် ကိုယ့်အိမ်၊ ကိုယ့်မိသားစုကနေ နွေးထွေးမှုတွေစတင်လိုက်ပါ။

၁၁။ မနေ့ကဆိုတာ သမိုင်း၊ မနက်ဖြန်ဆိုတာ မသေချာပါ။ ဒါကြောင့် သေချာတဲ့ဒီနေ့ကို တန်ဖိုးထား လိုက်ပါ။

၁၂။ အချစ်ဆိုတာ ရွေးချယ်မှုမဟုတ်ပါဘူး။ အချစ်နဲ့အတူ နေထိုင်လိုက်တာပါ။

၁၃။ အအောင်မြင်ဆုံးသူတွေဆိုတာ အရှုံးတွေ၊ နာကျင်စရာတွေ၊ ရုန်းကန်မှုတွေ၊ ဆုံးရှုံးမှုတွေကြားက ဘဝတိုးတက်လမ်းကို ဖောက်ထွက်ခဲ့ကြသူတွေပါ။

၁၄။ ကမ္ဘာကြီးဆိုတာ လူတွေရဲ့အတွေးအခေါ်နဲ့ တည်ဆောက်ထားတာပါ။ လူတွေရဲ့အတွေးကို မပြောင်းလဲဘဲ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်လို့ မရပါဘူး။

မှတ်သားစရာဒဿနစာစုလေးတွေကို မျှဝေဖို့ LIKE & SHARE လေးလုပ်လိုက်ပါဦးနော်။