၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (အောက်တိုဘာ၁၅ ရက်နေ့မှ ၂၁-ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

သတင်းကောင်းလေးတွေ ကြားရမယ့် ပျော်စရာကာလဖြစ်ပါတယ်။ ပညာရေး၊ စီးပွားရေးနဲ့ ပတ်သက် ပြီး အောင်မြင်မှုတွေ ဆက်တိုက်ရရှိမယ်။ ပံ့ပိုးကူညီပေးမယ့်သူတွေ တွေ့မယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အကုန် အကျများမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။           ။ မွေးရက်မှာ သူငယ်ချင်းတစ်ယောက်ကို မြေအိုးမြီးရှည်ကျွေးပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

နှစ်ကာလအကြာကြီး စိတ်ကူးမျှော်လင့်ခဲ့ရတဲ့ကိစ္စတွေ အကောင်အထည်ဖော်ခွင့်ကြုံမယ်။ အဝေး ရောက် ဆရာသမားတွေရဲ့ ကြီးကြီးမားမားကူညီပံ့ပိုးမှုကို လက်ခံရရှိမယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ ဖျားနာပြီး ဆေးရုံ၊ ဆေးခန်းရောက်ရတတ်တယ်။ အချစ်ရေးမှာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဖြစ်နေမယ်။

ယတြာ။           ။ မွေးရက်မှာ ပရဟိတတစ်ခုလုပ်ပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

ငွေကြေးနဲ့ပတ်သက်ပြီး သက်သေခံပေးတာတွေ၊ ကြားဝင်အာမခံပေးတာတွေ ရှောင်ပါ။ သူများအရှုပ် အရှင်းကြားမှာ ကြားညပ်တတ်တဲ့ကာလဖြစ်ပါတယ်။ ကိုယ်တိုင်လည်း တခြားသူတွေကို ငွေကြေး အချေးအငှား မပြုလုပ်ပါနဲ့။ ဆုံးရှုံးရတတ်ပါတယ်။ အချစ်ရေး သာယာပါတယ်။

ယတြာ။           ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေ ထမင်းနဲ့ဟင်းနယ်ကျွေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အလုပ်သစ်နဲ့ပတ်သက်ပြီး စိတ်ကူးထားတာနဲ့ လက်တွေ့ကွာဟနိုင်ပါတယ်။ စုပေါင်းစပ်ပေါင်း လုပ်ငန်း တွေ အကျိုးမပေးသေးပါ။ တနင်္ဂနွေနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးမယ်။ အချစ်ရေးမှာ စန်းပွင့်နေပါတယ်။ ရောက်လေရာမှာ ချစ်ခင်သူတွေနဲ့ ဝိုင်းဝိုင်းလည်နေမယ်။

ယတြာ။           ။ မွေးရက်မှာ သီလရှင်တစ်ပါးကို ဆွမ်းဆန်စိမ်းတစ်ပြည်လှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

သိဟ်ရာသီဖွားတွေအတွက် အဖက်ဖက်က အဆင်ပြေသာယာနေမယ့်ကာလ ဖြစ်ပါတယ်။ ငွေကြေး တွေလည်း “ ပဲကဝင်၊ နှမ်းကဝင် ” ဆိုသလို ဝင်နေမယ်။ ငွေဝင်များသလို ငွေထွက်လည်း များနေတာကြောင့် စိတ်မောရတတ်တယ်။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့တွေ့မယ်။

ယတြာ။           ။  နာမကျန်းသူတစ်ဦးကို ဆေးဝါးဒါနပြုပါ။

၆။ ကန်ရာသီဖွား (Virgo )     
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဖြစ်ချင်တာတွေအတွက် တွေးရင်း အချိန်ကုန်နေတတ်တယ်။ နည်းနည်းပဲတွေးပြီး များများလုပ်ကြည့် လိုက်ပါ။ အောင်မြင်မှုတွေက သင့်ကို စောင့်ကြိုနေပါတယ်။ ခရီးတွေထွက်ရမယ်။ မိတ်ဆွေသစ်တွေနဲ့ တွေ့ မယ်။ လုပ်ငန်းသစ်တွေ ချဲ့ထွင်နိုင်မယ်။ အချစ်ရေးမှာ အနေဝေးလို့ သွေးအေးနေရမယ်။

ယတြာ။           ။ မွေးရက်မှာ ကြာဆန်ကြော်ဆွမ်းလောင်းပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

အခက်အခဲတွေကျော်လွန်ပြီး အောင်မြင်မှုဆီချဉ်းကပ်လာနိုင်မယ့်ကာလ ဖြစ်ပါတယ်။ ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေ ပြန်ရမယ်။ နိုင်ငံရပ်ခြားကို ခရီးထွက်ရကိန်းရှိတယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ ဗိုက်အောင့်၊ ဗိုက်နာဖြစ်တတ်တယ်။ အချစ်ရေးမှာ အချိန်မပေးနိုင်လို့ ခဏဝေးနေရမယ်။

ယတြာ။           ။ မွေးရက်မှာ သစ်ပင်စိုက်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)   
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ပျော်စရာလေးတွေလျှော့ပြီး ဘဝအတွက် ပိုအရေးကြီးတဲ့အရာတွေကို ဦးစားပေးရမယ့်ကာလဖြစ်ပါ တယ်။ အပေါင်းအသင်းကြောင့် ရရှိပြီးသား ဘဝအခွင့်အလမ်းတချို့ဆုံးရှုံးတတ်တယ်။ အပေါင်းအသင်းဆင် ခြင်သတိပြုပါ။ မိသားစုအကြီးအကဲ ကျန်းမာရေး ဂရုစိုက်ပါ။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။           ။ မွေးနံတူသူတစ်ယောက်ကို မုန့်ဟင်းခါးကျွေးပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့ အပေါ်ယံသူငယ်ချင်းတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာ ကြုံရတတ်တယ်။ အရာရာကို စိတ်လိုက်မာန်ပါ မတုံ့ပြန်ဘဲ သည်းခံကျော်ဖြတ်လိုက်ပါ။ တုံ့ပြန်ရင် ပြဿနာတွေ ပိုကြီးထွားလာတတ်ပါတယ်။ အချစ်ရေးမှာ လူလွတ်ဖြစ်ပါက ချစ်သူတွေ့ပါမယ်။

ယတြာ။           ။ မွေးနံထောင့်မှာ သပြေပန်းလှူပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

မိသားစုကျန်းမာရေးနဲ့ပတ်သက်ပြီး ငွေကုန်ကြေးကျများမယ့်ကာလ ဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ခရီး ရှည်တစ်ခုထွက်ရကိန်းရှိတယ်။ အလုပ်နဲ့ပတ်သက်ပြီး အကျိုးကျေးဇူးကောင်းတွေ ရရှိစေမယ့်ခရီးဖြစ်ပါတယ်။

တနင်္လာနံနဲ့စတဲ့လုပ်ငန်းတွေ အထူးအကျိုးပေးမယ်။ အချစ်ရေး နေမြဲအတိုင်းပါပဲ။

ယတြာ။           ။ မွေးရက်မှာ ကြောင်လေးတွေကို ငါးကြော်ကျွေးပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

         အညံ့တွေကုန်ပြီး အကောင်းတွေရောက်လာနေတဲ့ ကာလဖြစ်ပါတယ်။ မမျှော်လင့်ဘဲ ဘိုးဘွားမိဘရဲ့ အမွေအနှစ်ကို ရရှိတတ်တယ်။ အလှူအတန်းတွေပြုရမယ်။ လုပ်ငန်းသစ်တွေ ချဲ့ထွင်ရမယ်။ ဝန်ထမ်းဖြစ်ပါက ရာထူးတိုးပါမယ်။ အချစ်ရေးမှာ ချစ်သူနဲ့ဝေးနေမယ်။

ယတြာ။                    ။ မွေးနံထောင့်မှာ သစ်သီးဆွမ်းကပ်လှူပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

         ပညာရေးဘက်လေ့လာလိုက်စားသူများ အထူးအောင်မြင်မှုရရှိမယ့်ကာလ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြား အထိ ပညာတော်သင်သွားရကိန်းရှိတယ်။ လူမျိုးခြားတွေရဲ့ ကူညီစောင့်ရှောက်မှုကို လက်ခံရရှိမယ်။  အိမ် ထောင်သည်များ နေအိမ်သစ်ရရှိမယ်။ စီးပွားရေးအဆင်ပြေမယ်။

ယတြာ။           ။ မွေးရက်မှာ ဆေးရုံမှာ ဆန်ပြုတ်အာဟာရဒါနပြုပါ။

တိုက်ဆိုင်တာလေးတွေပါနေတယ်ဆိုရင် SHARE လိုက်ပါဦးနော်။