လုပ်ငန်းခွင်ဆိုတာ မိမိကိုယ်ကို ပိုမိုကြီးထွားတိုးတက်ဖို့ ရေလောင်းပေါင်းသင်တဲ့နေရာ

blank

အလုပ်သွားခါနီးမှာ ဘယ်လိုခံစားရလဲ။

ဒီနေ့အသစ်အဆန်းတွေ လေ့လာခွင့်ရတော့မယ်ဆိုတဲ့ စိတ်လှုပ်ရှားမှုကို ခံစားရလား။

လုပ်ငန်းခွင်ဆိုတာ ကိုယ့်ကို ပိုမိုတိုးတက်အောင်လုပ်မယ့် နေရာတစ်ခုလို့ ခံယူထားတဲ့အခါ၊ ဘဝအောင်မြင်ရေးအတွက် ရေလောင်းပေါင်းသင်းနိုင်တဲ့ နေရာလို့ နှလုံးသွင်းလာနိုင်တဲ့အခါ လုပ်ငန်းခွင်ဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့နေရာဖြစ်လာပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ငွေကတော့ လူတိုင်းရှာကြတာပါပဲ။ ဒါပေမဲ့ လုပ်ငန်းခွင်ကို ငွေရှာတဲ့နေရာတစ်ခုတည်း အဖြစ်သတ်မှတ်မထားဘဲ ဘဝတိုးတက်ရေးအတွက် လှေကားထစ်တွေလို သယ်ဆောင်သွားနိုင်တဲ့နေရာဆိုတာကို နားလည်လာတဲ့အခါ အလုပ်လုပ်တာချင်းတူပေမယ့် လုပ်ငန်းခွင်ထဲမှာ ပျော်လာမယ်။

လုပ်ဖော်ကိုင်ဖက်တွေကိုလည်း တစ်ခရီးတည်းသွားတဲ့သူတွေအဖြစ် ကူညီဖေးမမယ်။ သင်ယူစရာရှိတာတွေကို အချင်းချင်းဝေမျှပြီး အတူတူတိုးတက်ကြတဲ့အခါ လုပ်ငန်းခွင်ဟာ သက်တောင့်သက်သာဖြစ်လာပြီး ရုံးပိတ်ရက်နဲ့ ရုံးဖွင့်ရက်ဟာလည်း အတူတူပဲ ပျော်စရာကောင်းနေတယ်။ အလုပ်လုပ်ရတာကလည်း ကော်ဖီတစ်ခွက်သောက်ရသလိုပဲ ရင်ခုန်စရာကောင်းနေမယ်။

ဝန်ထမ်းအချင်းချင်း၊ ချစ်ခင်ရင်းနှီးပြီး ပတ်ဝန်းကျင်က ပျော်စရာကောင်းတဲ့အခါ လုပ်ငန်းခွင်ကိုရောက်နေတာနဲ့ မတူဘဲ အိမ်တစ်အိမ်တည်းမှာ မိသားစုတစ်စုတိုးတက်အောင် ကြိုးစားနေရတာနဲ့ တူလာမယ်။

တွေးကြည့်တာနဲ့တောင် ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ ဒီနေ့ကစပြီး တစ်ယောက်ကိုတစ်ယောက် မောင်နှမရင်းချာတွေလို ကူညီဖေးမမယ်၊ လုပ်ငန်းခွင်ကိုလည်း ငွေရှာတဲ့နေရာတစ်ခုထက် ဘဝကို တိုးတက်အောင် ရေလောင်းပေါင်းသင်ပေးနိုင်တဲ့ နေရာတစ်ခုအဖြစ် နှလုံးသွင်းပြီး နေပျော်စရာ ပတ်ဝန်းကျင်ကိုဖန်တီးလိုက်ကြရအောင်။