အချိန်ယူပါ၊ ကုစားပါ၊ ဆက်ပြီးကြိုးစားပါ။

blank

အကြောင်းတစ်ခုခုကြောင့် သင်နာကျင်ဝမ်းနည်းနေပြီဆိုပါစို့။ အသည်းကွဲတာ၊ အလုပ်ပြုတ်တာ၊ အနာဂတ်အစီအစဉ်တွေ တလွဲဖြစ်တာ ဘာကြောင့်ပဲဖြစ်ဖြစ် အဲဒီလို နာကျင်ဝမ်းနည်းနေပြီဆိုရင် သင်ဘာလုပ်မှာလဲ။

ဘဝမှာ ကျရှုံးမှုတွေကြုံတဲ့အခါ အခက်ခဲဆုံးအချိန်က ကျရှုံးမှုကြောင့် နာကျင်ခံစားရတဲ့အချိန် မဟုတ်ပါဘူး။ ဒီကျရှုံးမှုကို ခံနိုင်ပါတယ်ဆိုတဲ့အကြောင်း အနားမှာရှိတဲ့သူတွေကို နားလည်အောင်လုပ်ဖို့က အခက်ခဲဆုံးပါ။ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက သင့်ကို စိတ်ချမ်းသာအောင် ထားလိမ့်မယ်။ “သူစိတ်ညစ်နေရှာတာ၊ သနားပါတယ်၊ သူ့ကို အားပေးရမယ်” ဆိုပြီးတော့ပေါ့။ လမ်းခွဲသွားတဲ့ ရည်းစားဟောင်းပုံတွေကိုကြည့်ပြီး ထိုင်ဆွေးနေတာ၊ ပြုတ်သွားတဲ့ အလုပ်အကြောင်းကို ပြန်တွေးပြီးမက်မောနေတာတွေက ဂုဏ်ယူစရာလုပ်ရပ်တွေ မဟုတ်ပေမဲ့ နာကျင်ခံစားမှုတွေကို သက်သာစေဖို့ လုပ်ကိုလုပ်ရမယ့် လုပ်ရပ်တွေပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နာတာရှည်ရောဂါဖြစ်ပြီး အိပ်ရာထဲလဲနေတဲ့သူကို “ခင်ဗျား ဘာကြောင့်အခုထိ ပြန်မကောင်းသေးတာလဲ” လို့ ဘယ်သူမေးရဲလဲ။ ဒါပေမဲ့ ဒီလိုကျရှုံးမှုတွေကြောင့် ခံစားနေရသူကိုတော့ “နင်ဘာလို့ အခုထိ ခံစားနေသေးတာလဲ” လို့ မေးကြပါတယ်။ တကယ်တော့ ချစ်ရသူတွေရဲ့ အားမလိုအားမရစကားတွေက ကရုဏာဒေါသနဲ့ ပြောတဲ့စကားတွေဖြစ်ပေမဲ့ တကယ်ခံစားနေရသူအတွက်ကတော့ ပိုပြီး စိတ်ဓာတ်ကျစရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေပဲ ဖြစ်နေမှာပါ။

နောက်တစ်ခါ ဘယ်သူကပဲဖြစ်ဖြစ် သင့်ကို ဒီလိုလာပြောရင် ဘာမှပြန်ပြီးရှင်းပြမနေပါနဲ့။ စိတ်ခံစားချက်တွေအတိုင်းနေပါ။ ငိုပါ၊ လွမ်းပါ၊ တမ်းတပါ၊ ပြီးရင် စိတ်ကို ပုံမှန်ပြန်ဖြစ်အောင် အချိန်ယူပြီး ကိုယ့်ကိုယ်ကို ကုစားပါ။ တစ်ရက်နဲ့ ကုစားနိုင်မယ်ဆိုရင် အချိန်တစ်ရက်ယူ၊ တစ်ပတ်နဲ့ ကုစားနိုင်မယ်ဆိုရင် အချိန်တစ်ပတ်ယူ၊ တစ်လလောက်ကြာမှ စိတ်တွေပုံမှန်ပြန်ဖြစ်မယ်ဆိုရင် တစ်လအချိန်ယူ။ ဒါပေမဲ့ အဲဒီအချိန်ပြည့်တာနဲ့ ဒီအကြောင်းတွေကို ဘာမှမစဉ်းစားတော့ဘဲ ဆက်ပြီးကြိုးစားဖို့တော့ လိုတယ်နော်။

အချိန်ယူပြီး စိတ်သစ်လူသစ်ဖြစ်အောင် ကြိုးစားလိုက်ပါ။ ဒီစာစောင်လေးကိုလည်း SHARE လိုက်ဦးနော်။