တက်တက်ကြွကြွ ငွေစုဆောင်းနိုင်စေမယ့် နည်းလမ်းလေးများ

၁။ စာရင်းမှတ်ပါ။

အသေးအမွှားကစ အသုံးစရိတ် အားလုံးကို စာရင်းနဲ့မှတ်ပါ။ စုဆောင်းဖို့ ငွေပိုငွေလျှံထွက် လာပါလိမ့်မယ်။

၂။ ဈေးဝယ်ထွက်တာကို လျှော့ပါ။

စိတ်ညစ်တိုင်း ငွေသုံးတာက ခဏတာ စိတ်ညစ်ပြေရုံကလွဲပြီး ငွေအကုန်မြန်စေပါတယ်။ အဲ့ဒီလို ငွေသုံးမိမယ့်အစား အိမ်သန့်ရှင်းရေးလုပ်ပြီး အချိန်ဖြုန်းပါ။

၃။ မိတ်ဆွေကောင်းတွေနဲ့ပဲ အချိန်ဖြုန်းပါ။

တစ်ယောက်တည်း စိတ်ကူးပေါက်ရာတွေ လျှောက်ဝယ်မယ့်အစား မိတ်ဆွေကောင်းတွေနဲ့ အတူ အချိန်ဖြုန်းပါ။ အဲ့ဒီနည်းက ငွေကုန်ကြေးကျ သက်သာပြီး ငွေစုဖို့အတွက်လည်း အကြံဥာဏ် ကောင်းရစေမှာပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ငွေကို နည်းနည်းနဲ့ အကြိမ်များများစုပါ။

ရသမျှအကုန် တစ်လုံးတစ်ရင်းတည်း စုတာထက် ပမာဏ နည်းနည်းချင်းစီကို မကြာခဏ စုဆောင်းခြင်းက ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ငွေစုမိစေမှာပါ။

၅။ ရည်မှန်းချက်ထားပြီး ငွေစုပါ။

ကိုယ်လိုချင်တဲ့ ပစ္စည်း၊ ဒါမှမဟုတ် ကိုယ့်အနာဂတ်အတွက် ရည်ရွယ်ပြီး ငွေစုပါ။ အဲ့ဒီလိုစိတ်မျိုးနဲ့ဆိုရင် ငွေစုဆောင်းဖို့ တွန်းအားဖြစ်လာမှာပါ။

၆။ အွန်လိုင်းပေါ်က ငွေစုနည်းတွေ အမြဲလေ့လာပါ။

အွန်လိုင်းပေါ်က ငွေကြေးဆိုင်ရာအကြံပေးချက်တွေကို ဖတ်ခြင်းက ငွေစုမိဖို့ စိတ်ကူးကောင်း တွေ ရလာစေမှာပါ။

၇။ ငွေကြေးဆိုင်ရာ အကြံပြုချက် ရယူပါ။

တတ်ကျွမ်းနားလည်တဲ့ ငွေကြေးအကြံပေးတွေဆီက အကြံပြုချက်တွေရယူခြင်းက သင်ငွေစုဆောင်းမိစေဖို့ တွန်းအားတစ်ခုဖြစ်စေမှာပါ။

ကဲ…အချက်လေးတွေက အသုံးတည့်တယ်ဆိုရင် LIKE & SHARE လိုက်ပါဦးနော်။

SHARE