နံဘေးမှာ လက်တွဲဖော်ရှိနေပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မပြောမဆိုဖြစ်ဘဲ သီးခြားစီနေ ရင်း သူနဲ့ကိုယ် တဖြည်းဖြည်း ပိုဝေးကွာလာသလို ခံစားနေရသလား။ အတူရှိနေကြပေမဲ့ အိမ်ထောင် ရေးက အထီးကျန်ဆန်ပြီး ငြီးငွေ့စရာဖြစ်လာနေသလား။ ဒီလိုဆိုရင်တော့ အဲ့ဒီအိမ်ထောင်ရေးပြဿ နာတွေကို ကူညီဖြေရှင်းပေးမယ့် အကြံပြုချက်လေး ၅ ရပ်ရှိနေပါတယ်။ ဖတ်ကြည့်လိုက်ပါဦးနော်။
၁။ ဒီအိမ်ထောင်ရေးမှာ ဘယ်အရာကမှားနေလဲဆိုတာ သင့်ကိုယ်သင်မေးကြည့်ပါ။
သင့်လက်တွဲဖော်နဲ့မျက်နှာချင်းဆိုင်မဖြေရှင်းခင်မှာ လက်ရှိသင်ဘယ်လို ခံစားနေရလဲ၊ ဘာ ကြောင့်လဲဆိုတာ တိတိကျကျသိအောင် အရင်စဉ်းစားထားသင့်ပါတယ်။ ဘယ်နေရာမှာ ဘာတွေက လွဲချော်နေတယ်လို့ မြင်လဲ။ သင်မပျော်ရွှင်တော့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။ သင်တို့ကြားမှာ ဘာ တွေပြောင်းလဲသွားခဲ့ပြီလဲ။ ပြဿနာက အိမ်ထောင်ရေးသုခကြောင့်လား၊ ခံစားချက်ကြောင့်လား၊ တ ခြားသောအကြောင်းအရာတွေကြောင့်လားဆိုတာ သင့်ကိုယ်သင်မေးကြည့်ပါ။
၂။ လက်တွဲဖော်ကိုပဲ အပြစ်တင်နေမိတဲ့စိတ်ကို ဖျောက်ပါ။
အဲ့ဒီအဖြေဟာ လက်ရှိအခြေအနေအတွက် အကောင်းဆုံးသုံးသပ်ချက်တစ်ခု ဖြစ်နေရင် တောင်မှ အဲ့ဒီလိုမတွေးပါနဲ့။ သူ့ဘက်က အားနည်းချက်တွေ၊ လိုအပ်ချက်တွေရှိနေတယ်ဆိုရင်တောင် အပြစ်တင်နေရုံနဲ့ ပြဿနာမပြေလည်နိုင်တာကို သိပါ။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၃။ မျက်နှာချင်းဆိုင်ပါ။
ပြဿနာကို သင်ဥပက္ခာပြုထားနေသရွေ့တော့ ပြဿနာတွေက ဆက်ရှိနေသေးမှာပါပဲ။ သင့် ခံစားချက်ကို လက်တွဲဖော်နဲ့မျက်နှာချင်းဆိုင်ပြီး ပြောပြပါ။ ဒါဆိုရင် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းနဲ့ အခွင့်အရေးတွေလည်း ပိုများလာမှာပါ။
၎။ ရန်မဖြစ်ဘဲ ဆွေးနွေးပါ။
ဆွေးနွေးတဲ့အခါ ရန်မဖြစ်ဖို့ဆိုရင် စကားလုံးအသုံးအနှုန်းတွေက အရေးကြီးလှပါတယ်။ လက် တွဲဖော်ကိုလည်း အပြစ်ဟောင်းတွေဖော်ပြီးချောင်မပိတ်ပါနဲ့။ အရာရာအတွက်လည်း အပြစ်မတင်ပါနဲ့။ သင့်ခံစားချက်နဲ့ သင်ဖြစ်ချင်တာတွေကိုသာ ရိုးရိုးသားသားတင်ပြပါ။ သင့်လက်တွဲဖော်ဘက်ကဖြစ် ချင်တာ၊ ခံစားနေရတာတွေကိုလည်း ပြောဆိုဖို့ အခွင့်အရေးပေးပါ။
၅။ အတူတူအဖြေရှာပါ။
အိမ်ထောင်ရေးက တကယ်မသာယာတော့ဘူးဆိုတာ နှစ်ဦးလုံးသဘောတူပြီဆိုရင် အဖြေကို လည်း နှစ်ဦးအတူရှာဖွေသင့်ပါတယ်။ နှစ်ဦးဖြေရှင်းနည်းက အလုပ်မဖြစ်ဘူးဆိုရင် အိမ်ထောင်ရေး ပြ ဿနာတွေကို အဖြေရှာဆွေးနွေးပေးတဲ့နေရာတွေမှာ သွားရောက်တိုင်ပင်ကြည့်သင့်ပါတယ်။
သင့်မှာလည်း အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး တစ်ခုခုပြောချင်တာလေးတွေရှိရင် comment မှာ မျှဝေခဲ့လိုက်ပါနော်။