ဒါလေးဖတ်ပြီး သူခိုးဘယ်သူလဲဆိုတာ ခန့်မှန်းကြည့်ရအောင်…

blank

တစ်ရက်မှာ ပင်လယ်ထဲမှာ ရွက်လွှင့်နေတဲ့ ဂျပန်သင်္ဘောတစ်စင်းဟာ ပင်လယ်အဝက ရေလမ်းကြောင်းတစ်ခုပေါ် ရောက်လာတယ်။ ပင်လယ်ပြင် အခြေအနေကောင်းနေချိန်မှာ ကပ္ပတိန်က ရေချိုးမယ်ဆိုပြီး သူ့ရဲ့အဖိုးတန်ပစ္စည်းတွေကို စားပွဲပေါ်မှာ တင်ထားခဲ့တယ်။

          သူရေချိုးပြီးပြန်လာတဲ့အခါ စားပွဲပေါ်က သူ့ရဲ့အဖိုးတန်ပစ္စည်းတွေပျောက်နေတာကို အံ့သြစွာ နဲ့ တွေ့လိုက်ရတယ်။ ကပ္ပတိန်က  သင်္ကာမကင်းဖြစ်နေတဲ့ ရေလုပ်သားအဖွဲ့ဝင် ၅ ယောက်ကို ချက် ချင်းခေါ်ပြီး သူတို့တွေ ဘာတာဝန်တွေလုပ်နေလဲဆိုတာ မေးတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကပ္ပတိန်အနားကို ထမင်းချက်ရယ်၊ သင်္ဘောအင်ဂျင်နီယာရယ်၊ သင်္ဘောသားရယ်၊ ရေဒီယို ဆက်သွယ်ရေးဝန်ထမ်းရယ်၊ ရေလမ်းကြောင်းသွားလာရေးအတွက် ရှင်းလင်း ညွှန်ပြပေးတဲ့ ဝန်ထမ်း ရယ် ရောက်လာကြတယ်။ အဲ့ဒီတော့ ကပ္ပတိန်ကလည်း သူတို့တစ်ဦးချင်းစီကို တန်းစီပြီး မေးလိုက် တော့ ကုတ်အင်္ကျီထူထူဝတ်ထားတဲ့ ထမင်းချက်က …

“ကျွန်တော်က ချက်ပြုတ်ဖို့ အသားတွေယူမလို့ အအေးခန်းထဲကို ရောက်နေတာပါဗျာ”လို့ ပြန်ဖြေတယ်။

လက်ထဲမှာ လက်နှိပ်ဓာတ်မီးကိုင်ထားတဲ့ သင်္ဘောအင်ဂျင်နီယာကတော့…

“ကျွန်တော်ကတော့ မီးစက်အင်ဂျင်ခန်းထဲမှာ အလုပ်လုပ်နေပါတယ်” လို့ ပြန်ဖြေတယ်။

သင်္ဘောသားတစ်ယောက်ကတော့…

“ ကျွန်တော်က အလံအပေါ်အောက်မှားနေတာကို ပြန်တည့်ဖို့ ရွက်တိုင်ပေါ်ကို ရောက်နေတာ ဗျ” လို့ ပြန်ဖြေတယ်။

နောက်ထပ်ရေဒီယိုဆက်သွယ်ရေးဝန်ထမ်းကို မေးတော့…

“ နောက်ထပ် (၇၂)နာရီလောက်မှာ ဆိပ်ကမ်းကိုရောက်မယ့်အကြောင်း ကျွန်တော်တို့ရဲ့ ကုမ္ပဏီကို မက်ဆေ့ခ်ျပို့ပေးနေတာပါ” လို့ ပြန်ဖြေတယ်။

နောက်ဆုံးမေးဖို့ ကျန်တာကတော့ ရေလမ်းကြောင်းမောင်းနှင်သွားလာရေးကို ညွှန်ပြပေးတဲ့ ဝန်ထမ်းပါ။ သူက…

“ တစ်လုံးညကင်းစောင့်ပြီးတော့ သင်္ဘောခန်းထဲမှာ ကျွန်တော်အိပ်ပျော်နေတာပါ ”လို့ မြန်မြန် ပြန်ဖြေလိုက်တယ်။

ဒါဆို ကပ္ပတိန်ရဲ့ ပစ္စည်းတွေကိုခိုးသွားတဲ့သူခိုးက ဘယ်သူဖြစ်မယ်ထင်လဲ။

ကဲ…စာချစ်သူတို့ရေ… ဒီစာစောင်လေးကို ဖတ်ကြည့်ပြီး မှန်းမိတဲ့အဖြေလေးကို Comment Box မှာ ဖြေပေးခဲ့ပါဦးနော်။