ဆရာမတစ်ယောက်ကို အသည်းစွဲအောင် ချစ်ချင်နေတဲ့ ကိုကိုမောင်မောင်တို့ရေ…..။

blank
Beautiful teacher Woman holding book on grey background

ဆရာမတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်ဖို့ စဉ်းစားနေတယ်ဆိုရင် သင့်အတွက် သတင်းကောင်းလေးတွေရှိတယ်။ လေ့လာမှုတွေအရ ဆရာမတွေဟာ လက်တွဲဖော်အဖြစ် အရွေးချယ်သင့်ဆုံးသူတွေလို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့…

  • ဆရာမတွေဟာ သင်ကြားနည်းအသစ်အဆန်းတွေကို အမြဲတမ်းစဉ်းစားနေရတာကြောင့် တီထွင်ဖန်တီးဉာဏ်ကောင်းမွန်ကြတယ်။
  • ကျောင်းသားမိဘတွေနဲ့ စကားပြောဆိုနေကျဖြစ်တာကြောင့် လူကြီးတွေနဲ့ အဆင်ပြေအောင် ပြောဆိုဆက်ဆံနိုင်ကြတယ်။
  • ကလေးတွေကို နားလည်အောင် ရှင်းပြနေကျဖြစ်တာကြောင့် စိတ်ရှည်ပြီး စကားပြောဆိုနိုင်တဲ့ စွမ်းရည်ကောင်းမွန်ကြတယ်။
  • ကလေးတွေကို ဘယ်လိုထိန်းကျောင်းပြုပြင်ရမယ်ဆိုတာ သိကြတယ်။
  • ဗဟုသုတကြွယ်ဝကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • ဆရာမတွေဟာ အလုပ်ရဲ့ဖိအား၊ ကလေးတွေရဲ့ ပဲ့ပြင်ရင်းနေသားကျနေတဲ့အတွက် စိတ်ဓာတ်ကြံ့ခိုင်ကြတယ်။
  • ကလေးတွေနဲ့ကို ဦးဆောင်၊ မိဘတွေနဲ့ ဆွေးနွေး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညှိနှိုင်းနေကျဖြစ်တဲ့အတွက် လူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်ကြတယ်။
  • ဉာဏ်ရည်ထက်မြက်ပြီး အကြံဉာဏ်ကောင်းတွေ ပေးနိုင်ကြတယ်။
  • စကားပြောကြွယ်ဝပြီး စကားဝိုင်းတွေကို စိုပြည်စေတယ်။
  • ကလေးတွေအတွက် စူပါဟီးရိုးဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိကြတယ်။

ဆရာမတစ်ယောက်ကို ချစ်သူအဖြစ်ရွေးချယ်ဖို့ စဉ်းစားနေတယ်ဆိုရင် နောက်ထပ်သတိထားရမှာက ….

သူမမှာ ကိုယ်ပိုင်အချိန်နည်းတာကြောင့် သင့်အနေနဲ့ စိတ်ရှည်ရပါမယ်။ ကလေးတွေရဲ့ အဖြေလွှာတွေစစ်ရင်း ညောင်းညာနေတတ်တဲ့အတွက် နှိပ်နယ်ပေးရမယ်။ သင်မှားတဲ့အခါ ဗိုက်ကြောဆွဲလိမ်ခံရတတ်တာ သတိထားပါ။

ဆရာမကို အသည်းစွဲအောင် ချစ်ချင်နေတဲ့ သင့်သူငယ်ချင်းလေးတွေအတွက် ဝေမျှပေးလိုက်ပါဦး။