စစ်မှန်တဲ့ သူငယ်ချင်းကောင်းဆိုတာ …

blank

စာချစ်သူတို့ရေ …

ဘဝဆိုတာ ပါတီပွဲတစ်ခုနဲ့ တူပါတယ်။ သင်က ပါတီပွဲတစ်ခုကျင်းပပြီး မိတ်ဆွေ၊ သူငယ်ချင်းတွေကို ဖိတ်ခေါ်လိုက်တဲ့အခါ…

  • တချို့က စောစောပြန်သွားကြတယ်။
  • တချို့က တစ်ညလုံးပျော်ပါးကြတယ်။
  • တချို့က သင်နဲ့ အတူ လိုက်ပြီး ရယ်မောကြတယ်။
  • တချို့က သင့်ကို လှောင်ပြောင်ရယ်မောကြတယ်။
  • တချို့က ပွဲပြီးခါနီးမှ ရောက်လာကြတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်ဆုံးပျော်ပါးပြီး ပါတီပွဲပြီးတဲ့အခါ သူငယ်ချင်းတချို့ကပဲ သင်နဲ့အတူ အမှိုက်ကူသိမ်းပေးကြတယ်။ အဲ့ဒီသူငယ်ချင်းတွေထဲ တချို့က ကိုယ်တိုင်အမှိုက်မဖွတဲ့သူတောင် ပါသေးတယ်။

အဲ့ဒီလိုပါပဲ ဘဝဆိုတာ ပါတီပွဲတစ်ခုနဲ့တူပါတယ်။ လူများစွာက ပုံစံအမျိုးမျိုးနဲ့ သင့်အနားကို ရောက်လာကြပေမယ့် စစ်မှန်တဲ့ သူငယ်ချင်းကတော့ အကောင်းအဆိုးတွေ မျှဝေပြီး သင်နဲ့အတူ အမြဲ ရပ်တည်ပေးနေတဲ့သူတွေပါ။ ဒါကြောင့် သင့်အတွက် စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေကို လျစ်လျူရှုမထားပါနဲ့။ အဆက်အသွယ် မပြတ်ပါစေနဲ့။ စစ်မှန်တဲ့သူငယ်ချင်းကောင်းဆိုတာ ကမ္ဘာပေါ်က ရှားပါးပစ္စည်းတစ်ခုဖြစ်လို့ပါ။

သင့်ရဲ့သူငယ်ချင်းကောင်းလေးတွေကို mention ခေါ်လိုက်ပါ။