ရည်းစားဟောင်းသို့ ကျေးဇူးတင်လွှာတစ်စောင်

blank

အဆက်ဟောင်းကြီးရေ….။

တို့ဘဝထဲမှာ ထာဝရနေလိမ့်မယ်လို့ ထင်နေခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာ ကတိတွေကိုမေ့ပြီး တို့ကိုတစ်ယောက်တည်းထားပြီး ထွက်သွားခဲ့တယ်။ တို့မင်းကို အလိုအပ်ဆုံးအချိန်မှာ မင်းကတော့ မသိလိုက်ဖာသာနဲ့ တို့ဘေးက ထွက်သွားခဲ့တယ်။ မျက်ရည်တွေ ကုန်ခမ်းအောင် ငိုလို့ပြီးသွားတဲ့ ဒီနေ့မှာတော့ မင်းကိုမကောင်းမြင်တဲ့စိတ်တွေလည်း မရှိတော့ပါဘူး။ ပြီးတော့ တို့မင်းကို ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကိုယ်တိုင်ခံစားဖူးမှ သိနိုင်မယ့် ဘဝသင်ခန်းစာတွေပေးခဲ့တဲ့အတွက်…

တို့ရဲ့တန်ဖိုးတွေကို သိမြင်လာအောင် သင်ကြားပေးခဲ့တဲ့အတွက်…

တို့ကို ပိုပြီးသန်စွမ်းကြံ့ခိုင်လာစေခဲ့တဲ့အတွက်…

မင်းထားခဲ့ပြီးတဲ့နောက်ပိုင်း တို့ကိုယ်တို့ ပိုပြီး နားလည်လာစေခဲ့တဲ့အတွက်….

တို့ကိုယ်တို့ ပြန်ရှာတွေ့ပြီး ပျော်အောင် ထားနိုင်စေခဲ့တဲ့အတွက်… ကျေးဇူးအများကြီးတင်ပါတယ်နော်။

ဒါပေမဲ့ မင်းယုံချင်ယုံ မယုံချင်နေ မင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေက အမှတ်တရတွေဖြစ်ခဲ့တယ်ဆိုရုံကလွဲပြီး တို့ကို ခံစားအောင် ထပ်မလုပ်နိုင်တော့ပါဘူးကွယ်။