နတ်ဖတ်တဲ့ စုံတွဲလေးတွေဖြစ်ဖို့ နည်းလမ်း (၅) သွယ်

blank

          ချစ်သူနဲ့ သာယာပျော်ရွှင်တဲ့ အချစ်ရေး တစ်ခုကို တည်ဆောက်ဖို့ လွယ်လွယ်လေးနဲ့တော့ မရနိုင်သလို ချစ်နေရုံနဲ့လည်း မရနိုင်ပါဘူး။ ဒါ့ကြောင့် သာယာပျော်ရွှင်တဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်စေမယ့် နည်းလမ်းလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ ပွင့်လင်းစွာပြောဆိုဆက်ဆံပါ။ 

Relationship တစ်ခုမှာ အရေးအကြီးဆုံးက တစ်ယောက်နဲ့တစ်ယောက် ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးတွေရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် မပြောဘဲနဲ့နားလည်လိမ့်မယ်ဆိုတဲ့ စိတ်ထားတွေကို ဖယ်ရှားထားပြီး တစ်ယောက်ကိုတစ်ယောက် ပွင့်လင်းစွာ ပြောဆိုဆက်ဆံပါ။

၂။ နှစ်ဖက် မိသားစုတွေ၊  သူငယ်ချင်းတွေနဲ့ ရင်းနှီးအောင်နေပါ။

နှစ်ဖက်လုံးက သူငယ်ချင်းနဲ့ ဆွေမျိုးတွေနဲ့ နီးစပ်မှုရှိပါစေ။ ဘဝတစ်လျှောက်လုံး သူတို့ တွေနဲ့  ဆက်ဆံနေရမှာ ဖြစ်တဲ့အတွက် သူတို့ နဲ့ ဆက်ဆံရေးကို ချန်လှပ်ထားလို့ မရပါဘူး။  ဒါ့ကြောင့် နှစ်ဖက်အသိုင်းအဝိုင်းနဲ့ ရင်းနှီးမှုရှိအောင် ကြိုးစားပါ။

၃။ အသစ်အဆန်းတွေကို အတူအကွလေ့လာပါ။

သင့်လက်တွဲဖော်နဲ့ ဝါသနာတူတွေကို မျှဝေပါ။ စာအုပ်တစ်အုပ်အကြောင်းကို ဆွေးနွေးတာ ဖြစ်ဖြစ်၊ အတွေ့ အကြုံတွေကို ဖလှယ်တာဖြစ်ဖြစ် လုပ်ပါ။ ပန်းတိုင်တစ်ခုကို စိတ်တူကိုယ်တူ ချီတက်နေတဲ့ လက်တွဲဖော်ရှိခြင်းက ကံကောင်းခြင်းတစ်မျိုးပါ။

၎။ ကြင်နာယုယပါ။

Relationship တစ်ခုသာယာဖို့ဆိုတာ လိင်မှုကိစ္စတွေ၊ ရိုမန်တစ်ဆန်တာတွေနဲ့ပဲ ရာနှုန်းပြည့် ထိန်းသိမ်းထားလို့ မရနိုင်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် ကြင်နာယုယတာ၊ ဂရုစိုက်တာလေးတွေကပဲ တစ်ယောက်ကိုတစ်ယောက်အချစ်တွေ တိုးပွားစေနိုင်တာပါ။ ချစ်သူကို ကော်ဖီဖျော်တိုက်တာမျိုး၊ လမ်းလျှောက်တဲ့အခါ လက်တွဲပေးထားတာမျိုးတွေက သင့် Relationship ကို ပိုမိုခိုင်မြဲလာစေပါတယ်။

၅။ တစ်ယောက်ကိုတစ်ယောက် အရှိအတိုင်းလက်ခံပါ။

Relationship တစ်ခုမှာ လူနှစ်ယောက် ပေါင်းစည်းတာမို့ စိတ်သဘောထားခြင်း ထပ်တူကျဖို့ မလွယ်ကူပါဘူး။ ချစ်သူရဲ့ အားနည်းချက်တွေကို အရှိအတိုင်းလက်ခံပြီး တစ်ယောက်နဲ့ တစ်ယောက် အားနည်းချက်၊ အားသာချက်တွေကို ထိန်းညှိပြီး နားလည်သဘောပေါက်ဖို့ လည်း လိုပါတယ်။

ဒီအချက်လေးတွေအတိုင်းသာ လိုက်ကျင့်သုံးကြည့်မယ်ဆိုရင် နတ်ဖတ်တဲ့ စုံတွဲလေးတွေ ဖြစ်လာမှာ အသေအချာပါပဲ။ သက်ဆိုင်သူသိစေဖို့ mention ခေါ်လိုက်ပါဦးနော်။  ဒီစာစောင်လေးကို သဘောကျတယ်ဆိုရင် LIKE & SHARE လုပ်ပေးပါဦး။