အကြီးမားဆုံးဘဝတိုက်ပွဲကို အကောင်းဆုံးသင့်ကြိုးစားမှုနဲ့ ရင်ဆိုင်လိုက်ပါ။

blank

ဝါရင်န်ဘတ်ဖတ်( Warren Buffett) ပြောဖူးတဲ့

“ ပိုသင်ယူလေ၊ ပိုပြည့်ဝလေ”

ဆိုတဲ့ မှတ် သားဖွယ်စကားလေးတစ်ခွန်းရှိပါတယ်။ သိပ်မှန်တဲ့စကားတစ်ခွန်းပါ။

ဒီနေ့ကမ္ဘာကြီးမှာ အောင်မြင်ချမ်းသာဆုံး ပုဂ္ဂိုလ်ကျော်တွေကို ကြည့်ပါ။

သူတို့တွေဘာကြောင့် အောင်မြင်နေကြတာလဲဆိုရင် သူတို့ပိုင်ဆိုင်ထားတဲ့အချိန်တွေကို မှန် ကန်စွာ အသုံးပြုကြလို့ပါ။ ဘဝတစ်လျှောက်လုံးမှာ သင်ယူမှုတွေပြုနေကြလို့ပါ။ တစ်နေ့ချင်းစီတိုင်းကို အသစ်တွေသင်ယူခြင်းတွေနဲ့ ဖြည့်တင်းနေကြလို့ပါ။

ဝါရင်န်ဘတ်ဖတ်( Warren Buffett) ဆိုရင် တစ်ရက်ကို ၅ နာရီကျော် စာဖတ်လေ့ရှိပါတယ်။

ဘီလ်ဂိတ်(Bill Gates) ကတော့ တစ်ပတ်ကို စာအုပ်တစ်အုပ်ဖတ်ပါတယ်။

မာ့ခ်ကျူဘန်(Mark Cuban)ကတော့ တစ်ရက်ကို ၃ နာရီ စာဖတ်ပါတယ်။

အိုပရာဝင်းဖရေး(Oprah Winfery) ကတော့ စာမဖတ်ရမနေနိုင်အောင် စွဲလန်းသူပါ။

တူညီတဲ့အချက်က သူတို့တွေက သူတို့ရဲ့သင်ယူမှုတွေကို ဘယ်တော့မှ ရပ်တန့်မပစ်ကြပါဘူး။ အောင်မြင်သူဖြစ်စေ၊ သာမန်လူဖြစ်စေ အားလုံးဟာ တစ်ရက်ကို ၂၄ နာရီအတူတူပိုင် ဆိုင်ထားကြတာပါ။ လူအများစုဟာ ကိုယ်ပိုင်ဆိုင်ထားတဲ့တစ်နေ့ချင်းစီအချိန်တွေကို အလဟဿ ကုန်ဆုံးနေကြတယ်။ ပြန်မရနိုင်တော့တဲ့ အဖိုးတန်အချိန်တွေကို ပျင်းရိခြင်းတွေနဲ့ လွယ်လွယ် အဆုံးရှုံးခံနေကြတယ်။ တကယ်တော့ အချိန်ဆိုတာ လိမ္မာပါးနပ်စွာ အသုံးချရမယ့်အရာပါ။ တန်ဖိုး ထားရမယ့်အရာပါ။ အဲ့ဒီအရာကို အဓိပ္ပာယ်မဲ့အရာတွေအတွက် ဖြုန်းတီးပစ်မယ့်အစား အသစ် အဆန်းတွေ သင်ယူဖို့ အသုံးပြုလိုက်ပါ။ ပျင်းရိခြင်းတွေနဲ့၊ ဂိမ်းဆော့ရင်းနဲ့၊ ပါတီတက်ရင်းနဲ့ အကျိုးမဲ့ မဖြုန်းတီးပစ်လိုက်ပါနဲ့။ သင်အသုံးပြုလိုက်ပြီးတိုင်း အချိန်တွေက သင့်ဘဝထဲကနေ အပြီးအပိုင် ထွက်ခွာသွားပါတယ်။ အဲ့ဒီအချိန်တွေကို သင်ပြန်မရနိုင်တော့ပါဘူး။ ဒါကြောင့် သင့်အချိန်တွေကို ကြိုးစားသင်ယူမှုတွေအတွက် အသုံးပြုပါ။ စာဖတ်ခြင်းနဲ့ အသုံးပြုပါ။

လူအများစုက သူတို့အိပ်မက်တွေနောက်ဆက်လိုက်ဖို့ ရပ်တန့်လိုက်ကြတယ်ဆိုတာ အဲ့ဒီလမ်း ခရီးက ခက်ခဲလွန်းလို့ပါ။ တကယ်တော့ ဒါဟာ သူတို့ကြုံတွေ့နေရတဲ့အခက်အခဲကို သူတို့ရဲ့ အ ကောင်းဆုံးဗားရှင်းနဲ့ ကျော်လွှားဖို့ မကြိုးစားကြည့်ကြတာပါ။ သူတို့တွေဟာ သူတို့ရဲ့ယုံကြည်မှုတွေ ကို ရပ်တန့်ပစ်လိုက်ကြတယ်။ ယုံကြည်မှုတွေကိုသတ်ပစ်လိုက်တာဟာ သူတို့ရဲ့အိပ်မက်တွေကို အဆုံးသတ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။

သင့်မှာ အိပ်မက်ရှိတယ်ဆိုရင် အဲ့ဒီအိပ်မက်ကို တကယ်ဖြစ်လာအောင်လုပ်ပါ။ စာမေးပွဲ အ ကြိမ်ကြိမ်ကျတာက အရေးမကြီးပါဘူး။ တစ်နေ့မှာ အဲ့ဒီဘဝစာမေးပွဲကို သင်အောင်အောင် ဖြေသွား နိုင်ဖို့က အဓိကဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် ယုံကြည်မှုကို ဘယ်တော့မှ မရပ်တန့်ပစ်လိုက် ပါနဲ့။ သင့်ရဲ့အကောင်းဆုံးသော ကြိုးစားနိုင်စွမ်းနဲ့ အခက်အခဲအားလုံးကို ကျော်လွှားပစ်လိုက်ပါ။

တစ်နေ့ကျရင် သင်သွားချင်တဲ့ပန်းတိုင်ကို ရောက်မယ်ဆိုတာ ယုံကြည်လိုက်ပါ။

စိတ်ဓာတ်ခွန်အားတွေ မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါ။