စာချစ်သူတို့ရေ…
မိခင်ဘဝက ချိုမြိန်သလောက် ကိုယ်ဝန်ဆောင်မိခင်လောင်းဘဝကတော့ အစစအရာရာ ဂရု စိုက်ခြင်းတွေနဲ့ ပြည့်နေမှ တော်ကာကျတယ်လို့ ဆိုရမှာပါနော်။ အာဟာရဓာတ်မပြည့်ဝရင် မေမေကာ ဗိုက်ထဲက ရင်သွေးလေးပါ ကျန်းကျန်းမာမာမွေးဖွားဖို့ မလွယ်ကူတာကြောင့် အမြဲပြည့်ဝအောင် ဖြည့် ဆည်းပေးနေဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းဘဝမှာ အာဟာရဓာတ်ဖြည့်တင်းဖို့ လို အပ်နေပြီဆိုတာ ပြသနေတဲ့လက္ခဏာရပ်တွေကတော့…
၁။ အစာစားလိုစိတ်နည်းလာခြင်း
၂။ မောပန်းနွမ်းနယ်ခြင်း
၃။ အာရုံစူးစိုက်နိုင်စွမ်းမရှိခြင်း
၎။ အမြဲချမ်းနေခြင်း
၅။ အဆီဓာတ်၊ ကြွက်သားထုနဲ့ ခန္ဓာကိုယ်တစ်ရှူးတွေ လျော့နည်းခြင်း
၆။ ဖျားနာလွယ်ပြီး သက်သာဖို့ခဲယဉ်းခြင်း
၇။ အနာကျက်ခဲခြင်း
၈။ အသက်ရှူရခက်ခြင်း
၉။ အသားအရေ ပါးလွှာခြောက်သွေ့ဖြူဖျော့ပြီး အေးစက်နေခြင်း
၁ဝ။ ဆံသားခြောက်သွေ့ပြီး ကျွတ်လွယ်ခြင်း
တို့ပဲဖြစ်ပါတယ်။ အဲ့ဒီလက္ခဏာရပ်ထဲက အများစုကို ကြုံတွေ့နေရပြီဆိုရင်တော့ မိခင်လောင်း အနေနဲ့ အာဟာရဓာတ်ချို့တဲ့နေပြီဆိုတာ သိနိုင်ပါတယ်။ အဲ့ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးတာ၊ လိုအပ်တဲ့ဆေးဝါးတွေကို မှီဝဲတာမျိုး ပြုလုပ်သင့်ပါတယ်။
စာချစ်သူ မိခင်လောင်းများကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Obimin အားဆေး တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်ရှင်။