ကိုယ့်ကိုယ်ကိုအတွက် သတိပေးစာ

blank

အခြားလူတွေရနေတဲ့ အောင်မြင်မှုတွေ၊ အခြားလူတွေရောက်ရှိနေတဲ့ ဘဝအခြေအနေတွေကို ကိုယ့်ကိုယ်ကိုနဲ့နှိုင်းယှဉ်ပြီး စိတ်အားငယ်နေလား။

တကယ်တော့ ဘဝဆိုတာ မနေ့ကကိုယ်ရောက်နေတဲ့နေရာနဲ့ ဒီနေ့ကိုယ်ရောက်နေတဲ့နေရာနှစ်ခုကို နှိုင်းယှဉ်ကြည့်ရင်း မနက်ဖြန်တိုင်းမှာ ပိုမြင့်မားတဲ့နေရာတွေကို ရောက်နေအောင် ကြိုးစားရမယ့် အရာတစ်ခုပါ။

ကြောက်ရွံ့မှုတွေကို ဖြိုခွင်းပါ။

စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပါ။

ကိုယ်ကိုယ်တိုင်ကန့်သတ်ထားတဲ့ နယ်နိမိတ်တွေကို ဖြိုခွင်းပစ်ပါ။

ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင်ရဲ့ အားနဲ့ အကောင်းဆုံး တည်ဆောက်ပါ။

အရာရာအားလုံးရဲ့ အဆုံးသတ်မှာ ကိုယ်နဲ့ တစ်သားတည်းရှိနေမှာက ကိုယ်ပဲဆိုတာ မမေ့ပါနဲ့။ ဒါ့ကြောင့် သူများနဲ့ ယှဉ်ပြိုင်ပြီးမောနေမယ့်အစား ကိုယ်ကိုယ်တိုင်နဲ့ပဲ ယှဉ်ပြိုင်ပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ ကိုယ့်ကိုယ်ကို ဘယ်တော့ဘယ်တော့မှ သစ္စာမဖောက်လိုက်ပါနဲ့။