ပွစာကြဲနေတဲ့ မြင်ကွင်းက သင့်ကို ပိုပြီး စိတ်ဖိစီးစေနိုင်ပါတယ်

blank

ရှုပ်ပွနေတဲ့ အခန်း၊ ဗီရို၊ စားပွဲခုံတွေက စိတ်အာရုံကို ထွေပြားစေပါတယ်။ ရှုပ်နေတာတွေကို မမြင်ချင်လည်း မြင်နေရတယ်၊ ပြီးတော့ လိုချင်တဲ့ပစ္စည်းကို ရှာပြီဆိုရင်လည်း တွေ့ဖို့ခက်စေတယ်။ ပြီးတော့ ရှုပ်ပွနေတဲ့နေရာမှာ အလုပ်လုပ်ရင် စိတ်ကူးဉာဏ်ကွန့်မြူးမှုကို တားဆီးနေတဲ့အပြင် အလုပ်မတွင်အောင်လည်း အနှောင့်အယှက်ဖြစ်စေပါတယ်။

ပွလန်ကျဲနေတဲ့ ပတ်ဝန်းကျင်က အာရုံစူးစိုက်မှုကို လျော့နည်းစေပြီး စိတ်ဖိစီးမှုတွေ ပိုဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး ရှုပ်နေတာတွေကို မရှင်းရင် အများအမြင်မှာ စည်းကမ်းမရှိတဲ့ ပေါ့ပျက်ပျက်နိုင်သူအဖြစ် မြင်စေပါတယ်။

ဒီတော့ ရှုပ်ပွနေတာတွေကို ဘယ်လိုရှင်းမလဲ။ ဘယ်ကနေစပြီး ရှင်းရမှန်းမသိလောက်အောင် ရှုပ်ပွနေတဲ့အရာတွေအတွက် အမြန်ရှင်းနည်း (၄) သွယ်ကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

၁။ ပစ္စည်းတွေကို ပြန်ကြည့်ပါ။

ရှုပ်ပွနေတဲ့အရာတွေကို ရှင်းမယ်ဆိုရင် အဲဒီနေရာမှာရှိတဲ့ ပစ္စည်းအားလုံးကို ပြန်ကြည့်လိုက်ပါ။ ဒီပစ္စည်းကို တကယ်လိုအပ်လား၊ ဒီပစ္စည်းကို နှစ်သက်လား။ မေးခွန်း ၂ခုစလုံးအတွက် အဖြေက “no” ဆိုရင်တော့ ဝဲပစ်လိုက်ပါတော့။ ပစ်တန်တာပစ်၊ ပေးတန်တာပေးပေါ့။ မလိုတဲ့ပစ္စည်းတွေ ဘာလုပ်မှာလဲ။ ပစ္စည်းများလေ ပိုရှုပ်လေပဲမဟုတ်လား။

၂။ အသုံးမလိုတဲ့ လက်ဆောင်တွေနဲ့ ဘိုးဘွားစဉ်ဆက်ပစ္စည်းတွေကို သိမ်းပါ။
အဲဒီအရာတွေအပေါ်မှာ ကိုယ်ဘယ်လိုသဘောထားလဲ ပြန်ဆန်းစစ်ပါ။ မြတ်မြတ်နိုးနိုး သိမ်းထားချင်သေးရင်လည်း သေသေချာချာ ပုံးထဲ၊ သေတ္တာထဲထည့်ပြီး သိမ်းပါ။ မသိမ်းထားချင်တော့ဘူး၊ လက်ဆောင်ပေးတဲ့သူကလည်း ကိုယ့်အတွက် သိပ်အရေးမပါတော့ဘူးဆိုရင် လွှင့်ပစ်ရင်ပစ်၊ မပစ်ရင် အသုံးလိုသူတွေကို ပေးလိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အလုပ်စားပွဲကိုလည်း ရှင်းပါ။

အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် သေချာပြီ… ဒါဟာရှုပ်ပွနေတဲ့ ရုံးခန်း (ဒါမှမဟုတ်) အလုပ်စားပွဲကြောင့်ပါ။ စာရွက်အပိုတွေ၊ အရေးမကြီးတော့တဲ့ ငွေဖြတ်ပိုင်းတွေ၊ အိတ်တွေ၊ ခွက်တွေ ဒါတွေကို မြင်ရင် ဘယ်လိုခံစားရလဲ။ ဒီတော့ အလုပ်မလုပ်ခင် အရင်ဆုံး အလုပ်နေရာကို ရှင်းလိုက်ပါ။ မလိုတာတွေကို ပစ်၊ လိုတာတွေကို သိမ်းထားပါ။ ပြီးတော့ ရက်လွန်နေတဲ့ စတေကာမှတ်စုလေးတွေလည်း ဖြုတ်လိုက်ပါဦးနော်။

၎။ ပစ္စည်းတွေကို ပြန်လည်နေရာချထားပါ။

စိတ်သစ်လူသစ်၊ အိုင်ဒီယာအသစ်တွေလည်း ပေါ်ထွက်လာစေဖို့ ရုံးခန်း၊ အိမ်ခန်းက ပရိဘောဂတွေ၊ ပစ္စည်းတွေကို နေရာပြောင်းကြည့်လိုက်ပါ။ ရှင်းလင်းပြီး ဆန်းသစ်တဲ့ အလုပ်ခန်းကြောင့် အလုပ်မှာ ပိုအာရုံစိုက်နိုင်ပြီး တီထွင်ဖန်တီးနိုင်စွမ်းတွေ ပိုမြင့်လာမှာဖြစ်ပါတယ်။

အမြဲတမ်းရှုပ်ပွနေတဲ့ အခန်းပိုင်ရှင်လေးတွေပို mention ခေါ်လိုက်ပါဦးနော်။