စိတ်ဓာတ်တက်ကြွပြီး နေပျော်စေဖို့ သစ်ပင်စိုက်ပါ

blank

          သင်ဟာ အပင်လေးတွေစိုက်ရတာ ဝါသနာပါသူလား။ အိမ်ခြံဝင်းကွက်လပ်လေးမှာပဲဖြစ်ဖြစ်၊ ဝရံတာလေးမှာ စင်လေးနဲ့ပဲဖြစ်ဖြစ်၊ ခေါင်မိုးထပ်မှာ ပန်းအိုးလေးတွေနဲ့ပဲဖြစ်ဖြစ် ပန်းပင်လေးတွေ၊ သီးပင်စားပင်လေးတွေစိုက်တာက စိတ်ခွန်အားတက်ကြွစေပြီး ကောင်းကျိုးတွေ အများကြီး ဖြစ်စေပါတယ်။ အပင်စိုက်ခြင်းကြောင့် ဘယ်လိုကောင်းကျိုးတွေရပြီး စိတ်ခွန်အားတက်ကြွစေသလဲဆိုတာ ကြည့်ကြည့်ရအောင်။

၁။ စိတ်ကို ရှင်းလင်းစေတယ်။

သစ်ပင်လေးတွေစိုက်ပြီး ကိုယ်စိုက်တဲ့အပင်လေးတွေကနေ အသီးလေးတွေ၊ အပွင့်လေးတွေ ထွက်လာတာကို မြင်ရတာဟာ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကို ပြေပျောက်စေပါတယ်။ ပြီးတော့ အကြံဉာဏ်ကောင်းတွေလည်း ပေါ်ထွက်စေပါတယ်။

၂။ စိတ်ကျေနပ်မှုရစေတယ်။

ကိုယ်တယုတယနဲ့ ပြုစုပျိုးထောင်ထားတဲ့အပင်လေးက ကိုယ်မျှော်လင့်ထားသလို အပွင့်လေးတွေ၊ အသီးလေးတွေ ဝေလာရင် စိတ်ကျေနပ်မှုဖြစ်စေပြီး ပြီးမြောက်မှုအာရုံ (sense of accomplishment) ကို ခံစားရစေပါတယ်။

၃။ စိတ်ဓာတ်အင်အားဖြစ်စေတယ်။

အပင်လေးတွေကို ခက်ခက်ခဲခဲစိုက်ပျိုးနိုင်ခဲ့ပြီး အသီးအပွင့်တွေထွက်လာချိန်မှာ စိတ်ထဲမှာ “ငါလုပ်နိုင်တယ်” ဆိုတဲ့စိတ်လေးဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာတယ်။ ပြီးတော့ အပင်စိုက်ရာမှာသာမကဘဲ တခြားအလုပ်တွေမှာလည်း ဖြစ်အောင်ကြိုးစားဖို့ စိတ်ဓာတ်ခွန်အားရလာတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်း မှ ရေးသားတင်ဆက်သည်။

၎။ မပြည့်စုံမှုတွေကို လက်ခံစေတယ်။

ပထမဆုံး အပင်စပြီး စိုက်တဲ့အခါမှာ မဖြစ်မြောက်တာလေးတွေရှိတတ်တယ်။ ပြီးတော့ ကိုယ်တွေးထားတဲ့ ဥယျာဉ်ပုံစံလေးနဲ့ တကယ်ဖြစ်လာတဲ့ ဥယျာဉ်ပုံစံလေးက ထပ်တူမကျတာမျိုးလည်းရှိတတ်ပါတယ်။ အဲဒီသဘောတရားကို နားလည်သွားရင် “လောကမှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး” ဆိုတဲ့ အသိကို လက်ခံနိုင်စေတယ်လေ။

၅။ တီထွင်ဖန်တီးမှုဉာဏ်ကို ရင့်သန်စေတယ်။

အပင်လေးတွေကို ဘယ်လိုပုံစံစိုက်မယ်၊ ပန်းအိုးလေးတွေကို ဘယ်လိုပုံစံထားမယ်၊ ပြီးတော့ ဘယ်လိုနည်းလမ်းလေးတွေနဲ့စိုက်မယ်ဆိုတာကို အမြဲတမ်းစဉ်းစားတီထွင်နေတော့ တီထွင်ဖန်တီးမှုဉာဏ်ကို ရင့်သန်စေပြီပေါ့။

၆။ ဦးနှောက်ကို လန်းဆန်းစေတယ်။

နိစ္စဓူဝ အလုပ်ကိစ္စတွေက ပင်ပန်းလွန်းလှပါတယ်။ ဝမ်းရေးအတွက် ရှာရဖွေရနဲ့ ပင်ပန်းနေတဲ့ ဦးနှောက်ကို အပင်စိုက်ခြင်းဖြင့် အနားပေးနိုင်ပါတယ်။ အလုပ်ကိစ္စတွေကြောင့် ခေါင်းတွေရှုပ်ပြီး စိတ်ညစ်နေရင် ကိုယ်တိုင်ဖန်တီးထားတဲ့ ဥယျာဉ်လေးထဲသွားပြီ သစ်ပင်စိုက်နေလိုက်ပါ။

ဒီဆောင်းပါးလေးကို ဖတ်ပြီး အပင်လေးတွေစိုက်ချင်သွားပြီ မဟုတ်လား။ ဂန္ထဝင်မဂ္ဂဇင်းကနေ အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ သီးပင်စားပင်လေးတွေ၊ ပန်းပင်လေးတွေ စိုက်ပျိုးခြင်းနဲ့ ပတ်သတ်လို့ နည်းလမ်းကောင်းလေးတွေ၊ သိထားသင့်တဲ့အချက်လေးတွေကို တင်ဆက်ပေးနေတာကြောင့် see first လုပ်ပြီး စောင့်ကြည့်ပါဦးနော်။