ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ရင် လွတ်မြောက်မှာလား.

blank

ဒီနှစ်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုတွေ အများကြီးမြင်နေကြားနေရတယ်။ တစ်ခါတလေမှာဆိုရင် အဲ့ဒီလိုအဖြစ်အပျက်တွေကို ဘယ်လိုအဖြေရှာကြမလဲဆိုတာကို တွေးမိတယ်။ အဆုံးစီရင်မှုဟာ အရာအားလုံးရဲ့ အဆုံးသတ်လား။ လူတစ်ယောက် ဘဝကို စိတ်ကုန်ပြီး ကိုယ့်ကိုယ်ကိုသတ်သေလောက်တဲ့အထိ ဘယ်လောက်ထိများ စိတ်တွေဖိစီးနေခဲ့တာလဲ။ အထူးသဖြင့် အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေ ကိုယ့်ကိုယ်ကိုအဆုံးသတ်သွားတဲ့ သတင်းတွေ မြင်ရကြားရတဲ့အခါ ကျွန်မသိပ်ကို အံ့သြမိတယ်။

သူတို့ရဲ့ အသိပညာတွေက သူတို့ကို စိတ်ဓာတ်ကျမှုတွေကို ကူညီဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူးလား။

ကျွန်မချစ်ရတဲ့သူတွေ ဝမ်းနည်းကြေကွဲနေတဲ့အခါမှာ အရာရာအားလုံးကို ကျွန်မတို့အတူတူ မကျော်လွှားနိုင်ခဲ့ဘူးလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မတို့ချစ်ရတဲ့သူတစ်ယောက်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါမှာ လောကကြီးကနေ ထွက်ခွာချင်ကြတယ်။ အဲ့လိုလုပ်လိုက်တာက ကျွန်မတို့နောက်ထပ်ချစ်ရတဲ့သူတွေအပေါ်ကော တရားရဲ့လား။ စိတ်တွေမွန်းကြပ်ပြီး စိတ်ဓာတ်ကျနေတဲ့အခါမှာ အခန်းကြဉ်းလေးထဲမှာ ထိုင်ပြီး စိတ်ညစ်နေမယ့်အစား ကိုယ့်ကိုအမှန်တကယ်နားလည်နိုင်တဲ့ သူတစ်ယောက်ယောက်ကို ဖုန်းခေါ်ပါ။ အောင်မြင်မှုတွေ၊ အလုပ်အကိုင်တွေနောက်ပဲ တကောက်ကောက်လိုက်နေမယ့်အစား ချစ်ရသူတွေ၊ မိသားစုတွေအတွက် အချိန်ပေးပါ။ တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာပါ။ ပိုပြီး ကူညီပေးပါ။ ဝမ်းနည်းကြေကွဲနေတဲ့အခါ အားပေးကူညီပေးပါ။

အမှောင်ဘယ်လောက်ပဲ ကြီးစိုးပါစေ အလင်းရောင်က ချေဖျက်နိုင်သလိုပဲ စိတ်ဓာတ်ကျမှုတွေကိုလည်း စိတ်အားထက်သန်မှုတွေနဲ့ ကျော်ဖြတ်နိုင်ပါတယ်။

ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုဆိုတာ အကြွေစေ့လေးရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ အမြဲတမ်း တစ်ဖက်တည်း ကျနေမယ်ဆိုတာ မရှိနိုင်ပါဘူး။ ဘယ်အရာမှ မမြဲတဲ့လောကကြီးမှာ သင့်ရဲ့ ဝမ်းနည်းကြေကွဲမှုတွေလည်း တာရှည်မခံဘူးဆိုတာ မှတ်ထားလိုက်ပါနော်။