ဖုန်းအသုံးပြုသူ အမျိုးမျိုးရှိတယ်။ သင်က ဘယ်ထဲမှာပါလဲ။

blank

စာဖတ်ပရိသတ်တို့ရေ….။

အခုခေတ်မှာ လူတိုင်းနီးပါးဖုန်းသုံးကြတယ်နော်။ ပြောဆိုဆက်ဆံရေးတွေ လွယ်ကူဖို့၊ ပေါင်းသင်းဆက်ဆံရေးတွေလွယ်ကူဖို့ စတဲ့အကြောင်းတရားတွေနဲ့ပဲ ဖုန်းကိုအသုံးပြုပြု အသက်အရွယ် အခြေအနေတွေနဲ့ လိုက်ပြီးဖုန်းအသုံးပြုမှုတွေ ကွဲသွားပါတယ်။ ဖုန်းကို အမျိုးမျိုးအသုံးပြုတတ်သူတွေထဲမှာ သင်က ဖုန်းအသုံးပြုသူတွေထဲမှာ ဘယ်လိုအသုံးပြုတတ်သူလဲဆိုတာကို ဒီဗွီဒီယိုလေးမှာ ကြည့်လိုက်ပါဦး။

၁။ ခေတ်ရှေ့ပြေးသူ…

သတင်းတစ်ခုခုဆို အရင်သိပြီးသား၊ ဘယ်နေရာမှာ ဘာဖြစ်တယ်၊ ဘယ်မင်းသမီးက ဘယ်မင်းသားနဲ့ ဘယ်လို၊ ဘယ်သူတွေကတော့ ဘယ်နေရာကို သွားလည်နေပြီ၊ ဘယ်သူငယ်ချင်းတွေကတော့ ဘယ်သူနဲ့ RS တွေချိတ်လိုက်ပြီ စတဲ့သတင်းတွေကို သိထားနှင့်တယ်။ မျက်နှာမသစ်ခင်ကတည်းက ဖေ့စ်ဘုတ်ပေါ်မှာ ဘာသတင်းတွေတက်မလဲဆိုတာကို ကြည့်တတ်တဲ့ ခေတ်ရှေ့ပြေးသူလေးတွေပေါ့…။

၂။ ဝင်လိုက်ထွက်လိုက် လုပ်တတ်သူ….

တစ်ခုခုလုပ်နေလို့ တစ်မိနစ်လောက်မအားလိုက်နဲ့ ဖုန်းကိုကိုင်ပြီးသား၊ ဖုန်းနဲ့သူ့လက်ဆိုတာ လျှာနဲ့သွားလိုပဲ မထိခလုတ်ထိခလုတ်ဖြစ်နေတတ်တယ်။ အော်ပရေတာတွေရဲ့ Message ကအစ Twitter, facebook, Instagram အဆုံး အားလုံးကို ဝင်လိုက်ထွက်လိုက်နဲ့ တောက်လျှောက်စစ်ဆေးနေတတ်တယ်။ ခဏလောက်ဖုန်းနဲ့ ဝေးမသွားနဲ့ ဖုန်းကိုတွေ့ပြီဆိုတာနဲ့ ဘာ message တွေများရောက်နေမလဲ၊ ဝင်လိုက်ထွက်လိုက်နဲ့ ကြည့်နေတတ်သူပေါ့။

၃။ ဘီလ်အမြဲ ပြတ်နေတတ်သူ။

သူငယ်ချင်းတွေဆိုင်ထိုင်မယ်ဆိုရင် wifi ရတဲ့ ဆိုင်ကိုပဲရွေးတတ်တယ်။ အရေးအကြောင်းဆို ဘီလ်ချေးရတာနဲ့ missed calls ပေးရနဲ့ call me back ပို့ရတာနဲ့။ ဘီလ်မရှိလို့ ဖုန်းတစ်ကောလောက်ပေးပါ လို့ တောင်းရတာနဲ့။ ဈေးကြီးကြီးဟန်းဆက်ကိုမှ အားမနာဘဲ ဘီလ်အမြဲပြတ်နေတတ်တဲ့ သူလေးတွေပေါ့။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ဇက်စောင်းအောင် chatting ထိုင်တတ်သူ…

အားလုံးဝိုင်းဖွဲ့ပြီး စကားပြောနေတာပဲဖြစ်ဖြစ်၊ တစ်ယောက်တည်းရှိနေတာပဲဖြစ်ဖြစ်၊ လမ်းသွားနေတာပဲဖြစ်ဖြစ် “ ခလုတ်တိုက်လိမ့်မယ်” လို့ သတိပေးရလောက်တဲ့အထိ ဇက်ကိုငုံ့ပြီး chatting ထိုင်နေတတ်တယ်။ သူ့မျက်နှာကို မြင်ချင်ရင် ခေါင်းမော့ခိုင်းရလောက်တဲ့အထိ ခေါင်းငုံ့ထားတတ်သူလေးတွေပေါ့။

၅။ ဘီလ်ပေါလွန်းတဲ့ ကြက်တူရွေး….

မုန့်ဖိုးတွေအကုန်လုံးကို ဖုန်းဘီလ်သုံးလေသလား ထင်ရသူလေးတွေကတော့ ဘီလ်ပေါလွန်းတဲ့ ကြက်တူရွေးလေးတွေပေါ့။ ဖုန်းပြောရမယ်ဆို လေနဲ့ဘီလ် ကုန်ချင်သလောက်ကုန်ပါစေ နားပူအောင် ပြောတတ်တဲ့ လေသူဋ္ဌေးလေးတွေပေါ့။ ဆယ်ခါမြင်ရင် ကိုးခါလောက်က ဖုန်းပြောနေတာတွေ့ရလိမ့်မယ်၊ အိမ်အပေါ်ထပ်နဲ့ အောက်ထပ်ကိုတောင် ဖုန်းခေါ်ပြီးမှပြောတတ်တဲ့ ကြက်တူရွေးလေးတွေပေါ့။

၆။ ဖုန်းနဲ့လူနဲ့ ဝေးနေတတ်သူ…

“ဖုန်းတစ်ကောခေါ် မကိုင်ရင် အသက်ရှင်ခွင့်ပေးမယ်။ ကိုင်ရင် သတ်ပစ်မယ်” ဆိုရင် သေချာပေါက်ဖုန်းခေါ်ရမယ့် သူလေးတွေပေါ့။ ဘယ်အချိန်ဖုန်းခေါ်ခေါ် ဖုန်းတခြားလူတခြား ဖြစ်ပြီး missed calls များစွာကို ပိုင်ဆိုင်ထားသူလေးတွေပါ။ ဒါနဲ့များဖုန်းဝယ်နေသေးတယ်လို့ အပြစ်တင်ရင်လည်း မျက်နှာငယ်လေးနဲ့ကြည့်နေတတ်တဲ့ ဖုန်းနဲ့လူနဲ့ မကပ်တဲ့သူလေးတွေပေါ့။

၇။ ဖုန်းဘတ်ထရီအမြဲကုန်နေတတ်သူ….

သူ့ကြည့်လိုက်ရင် အားသွင်းရင်းတန်းလန်းနဲ့ ဖုန်းသုံးနေတာကို တွေ့ရလိမ့်မယ်။ အပြင်သွားရင်တောင် ပါဝါ bank တန်းလန်းနဲ့လိုက်လာလိမ့်မယ်။ ဘယ်အချိန်ကြည့်ကြည့် “ဖုန်းအားမရှိဘူး” ဆိုတဲ့စကားကို တွင်တွင်ပြောတတ်တယ်။ ဖုန်းကိုအမြဲသုံးနေတတ်တယ်၊ ဂိမ်းဆော့နေတတ်တာကြောင့် ဖုန်းအမြဲကုန်နေတတ်တဲ့သူလေးတွေပေါ့။

ကဲ… သင်ကကော ဖုန်းကိုဘယ်လိုသုံးတတ်သူလဲ။ comment box မှာ မျှဝေပေးခဲ့ပါဦးနော်။