ကလေးတွေ အများကြီး မွေးထားခြင်း၏ အကျိုးကျေးဇူး

blank

သင့်မှာ သားသမီးတွေ အများကြီးရှိပါသလား။ တကယ်တော့ မိသားစုတွေ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်နေရဖို့ဆိုတာကလည်း ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါ။ အောက်မှာပေးထားတဲ့ အချက်တွေကတော့ ကလေးများများရှိခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။

၁။ သင့်အချစ်ဆုံးကလေးက သင့်အနားမှာ မရှိရင်တောင် ကျန်တဲ့ကလေးတွေတော့ ရှိနေအုံးမှာပါ။

၂။ သင့်အကြီးဆုံးကလေး ကြီးလာတဲ့အခါမှာ ကျန်တဲ့ကလေးတွေကို ထိန်းပေးဖို့ ကလေးထိန်းတွေ ခေါ်စရာမလိုတော့ဘူး။

၃။ အိမ်မှာ ကလေးတွေများတော့ တစ်ချိန်လုံး ဆူညံပြီး ပျင်းဖို့ အချိန်တောင် မရှိတော့ဘူး။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ပြီးတော့ အဝတ်အစားခတွေ၊ အရုပ်ခတွေနဲ့လည်း သင့်ပိုက်ဆံတွေ အများကြီး မကုန်တော့ပါဘူး။

၅။ ကလေးတွေအတွက် အဝတ်အစားတွေ အများကြီး ဝယ်ပေးတော့ တစ်ချို့နေရာတွေမှာ လျှော့ဈေးတွေလည်း ရတယ်။

၆။ သူတို့ကြီးလာတဲ့အခါမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာတတ်ကြတယ်။

၇။ သင် အရမ်းကြိုက်တဲ့ နာမည်တွေနဲ့ ပတ်သက်ပြီး စိတ်ရှုပ်စရာတွေ မရှိနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သင့်မှာ ကလေးတွေ အများကြီးရှိတော့ နာမည်အများကြီး ပေးနိုင်တယ်လေ။

၈။ ကိုယ့်ကလေး လူမှုရေးပိုင်းမှာ အားနည်းသွားမှာ ဆိုပြီး အိမ်နီးချင်းကလေးတွေဆီ အောက်ကျို့ခံပြီး အလည်သွားနေစရာမလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ သင့်မှာ ကလေးတွေ အများကြီးရှိတော့ တစ်ကိုယ်တည်း ဖြစ်မှာဆိုပြီး စိတ်ပူနေစရာ မလိုတော့ပါဘူး။

၉။ ကလေးတွေ များတော့ သူတို့ကို ထိန်းနေတာနဲ့ပဲ လေ့ကျင့်ခန်း ဖြစ်နေတယ်။ တစ်ခြား သွေးပူလေ့ကျင့်ခန်းတွေတောင် သင်လုပ်စရာမလိုဘူး။

၁၀။ တစ်ယောက်နဲ့ တစ်ယောက်လည်း အမြဲ အကူအညီတွေ ရနေမှာပါ။ အထူးသဖြင့် သင် အသက်ကြီးသွားတဲ့ အချိန်မှာပေါ့။

၁၁။ တစ်ယောက်နဲ့ တစ်ယောက်လည်း အမြဲ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်နေမှာပါ။

၁၂။ သင့်ကလေးတွေက တစ်ယောက်နဲ့ တစ်ယောက်ဘယ်လို အဆင်ပြေအောင် ညှိနှိုင်းနေထိုင်ရမလဲ ဆိုတာကိုလည်း သိကြတယ်။

၁၃။ ကလေးတွေမှာ မျှဝေတတ်တဲ့ စိတ်လေးတွေ ရှိလာတတ်တယ်။

၁၄။ သူတို့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ အကျင့်တွေ ဆိုတာလည်း ရှိမှာ မဟုတ်တော့ပါဘူး။

၁၅။ သင် အသက်အရွယ်ကြီးသွားတဲ့ အခါမျိုးမှာလည်း သင့်ကို စောင့်ရှောက်ဖို့ တစ်ယောက်ယောက်တော့ ရှိနေမှာပါ။

ကြိုက်နှစ်သက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း SHARE ပေးလိုက်ပါ။