သမီးလေးကိုဘယ်တော့မှ မခံစားစေချင်တဲ့ အတွေ့အကြုံ (၂၆)ခု

blank

ကျွန်မဟာအပျိုစင် တစ်ဦးပါ။ အခါကောင်းသောနေ့တစ်နေ့မှာ ကျွန်မရင်ထဲစွဲစွဲလမ်းလမ်းချစ်နေရသော ကျွန်မချစ်သူနဲ့လက်ထပ်ပြီးလှပသောမိသားစုတစ်ခုထူထောင်ရန် စိတ်ကူးလေးတစ်ခုရှိပါတယ်။ အဲဒီစိတ်ကူးလေးထဲမှာသူမရဲ့ဖေဖေလိုပဲ နှစ်လိုဖွယ်ကောင်းတဲ့ သမီးလေးတစ်ယောက်ကို ကျွန်မမြင်မိပါတယ်။ သမီးလေးရဲ့ဘဝဟာ ကျွန်မရဲ့ စိတ်ကူးထဲကလိုပဲအမြဲသာယာလှပနေနိုင်ရင် အရမ်းကောင်းမှာပါ။ လက်တွေ့ဘဝဟာခက်ခဲကြမ်းတမ်းလှပါတယ်။ ပြဿနာပေါင်းသောင်းခြောက်ထောင် အနက်မှ အောက်ပါ ပြဿနာတွေကိုတော့ ကျွန်မသမီးလေးမခံစားရပါစေနဲ့။

၁။       သမီးအပေါ်မှာ သစ္စာမရှိတဲ့၊ သမီးရဲ့ရင်ထဲက အလှစစ်ကို နက်နက်နဲနဲ နားမလည်တဲ့ အမျိုးသားတစ်ယောက်ကြောင့် အသည်းကွဲရခြင်းကို သမီးလေးမခံစားရပါစေနဲ့။

၂။       မိတ်ဆွေမဟုတ်ဘဲ ရန်သူဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက်၏ သစ္စာဖောက်ခံရခြင်းကို သမီးလေး မကြုံတွေ့ရပါစေနဲ့။

၃။       ကိုယ်ဘယ်အရာမဆို မလုပ်နိုင်ပါဘူးလို့ အကြိမ်ပေါင်းများစွာ ပြောခံရခြင်းကြောင့် စိတ်အားငယ်ရခြင်းကို သမီးလေးမခံစားရပါစေနဲ့။

၎။       အပြင်ပန်းကိုပဲ သုံးသပ်တတ်တဲ့ အဖွဲ့အစည်းတစ်ခုမှာ သိမ်ငယ်နေရခြင်းကို သမီးလေးမကြုံတွေ့ရပါစေနဲ့။

၅။       ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေကြောင့် မလုံမလဲဖြစ်နေရခြင်းမျိုး သမီးလေးမခံစားရပါစေနဲ့။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။       မီဒီယာတွေက ပြင်ဆင်မွမ်းမံထားတဲ့ ဓာတ်ပုံတွေကို ကြည့်ပြီး ကိုယ်ကမလှပဘူးလို့ သမီးလေးမခံစားရပါစေနဲ့။

၇။       စိတ်ပျက်စရာတွေဆက်တိုက် ကြုံတွေ့နေရခြင်းကြောင့် ယုံကြည်ချက်ပျောက်ဆုံးခြင်းမျိုး သမီးလေး မခံစားရပါစေနဲ့။

၈။       ဖြစ်မလာတာတွေကို ကြောက်ရွံ့နေခြင်းကို သမီးလေး မကြုံတွေ့ရပါစေနဲ့။

၉။       အားကျဖို့ မထိုက်တန်တဲ့ အမျိုးသမီးတစ်ယောက်ကို အားကျနေမိခြင်းကို သမီးလေးမကြုံတွေ့ရပါစေနဲ့။

၁၀။     ကိုယ့်အပြစ်အနာအဆာတွေကြောင့် ကိုယ့်ကိုယ်ကိုရှက်နေရခြင်းမျိုး သမီးလေး မကြုံတွေ့ရပါစေနဲ့။

၁၁။     ကိုယ့်ကိုကာကွယ် ထောက်ခံပေးမယ့်လူတွေရဲ့ စိတ်ပျက်မှုခံရခြင်း သမီးလေး မကြုံတွေ့ရပါစေနဲ့။

၁၂။     ကိုယ့်ခန္ဓာကိုယ် အချိုးမကျမှုကြောင့် ရှက်နေရခြင်းကို သမီးလေးမကြုံတွေ့ရပါစေနဲ့။

၁၃။     ကိုယ့်ကို ထောက်ခံပေးမယ်လို့ ယူဆထားတဲ့လူတွေရဲ့ အားပေးမှုမရရှိခြင်းကို သမီးလေး မကြုံတွေ့ရပါစေနဲ့။

၁၄။     ကျင့်ဝတ်တွေကို သိရှိနားလည်မှုမရှိတဲ့ လူတွေရဲ့ လောင်ပြောင်မှုကို ခံရခြင်းကို သမီးလေး မခံစားရပါစေနဲ့။

၁၅။     လုပ်ငန်းခွင်အသစ်မှာ ယောက်ျားမိန်းမ ခွဲခြားဆက်ဆံမှုကို သမီးလေး မကြုံတွေ့ရပါစေနဲ့။

၁၆။     အနာဂတ်အတွက် ပူပန်နေရင်းနဲ့ သမီးလေး အချိန်မကုန်မိပါစေနဲ့။

၁၇။     မပြောင်းလဲနိုင်တဲ့ အရာတစ်ခုကြောင့် အပြစ်ရှိသလို သမီးလေး မခံစားရပါစေနဲ့။

၁၈။     ဒေါသမထွက်သင့်တဲ့အရာတစ်ခုကြောင့် မထီလေးစား ဆက်ဆံခံရခြင်းမျိုး သမီးလေး မကြုံတွေ့ရပါစေနဲ့။

၁၉။     ကိုယ်စွမ်းဆောင်နိုင်တဲ့ အရာတွေအပေါ် ကိုယ်ပိုင် သံသယဝင်နေခြင်းမျိုး သမီးလေး မကြုံတွေ့ရပါစေနဲ့။

၂၀။     နေ့စဉ်ဘဝရဲ့ စိတ်ဖိစီးမှုတွေကြောင့် စိုးရိမ်ပူပန်နေရခြင်းကို သမီးလေးမကြုံတွေ့ရပါစေနဲ့။

၂၁။     နောက်လိုက်တွေရဲ့ မရိုးသားခြင်းကို ခံရခြင်းကို သမီးလေး မကြုံတွေ့ရပါစေနဲ့။

၂၂။     မျက်ရည်ကျဖို့ မထိုက်တန်တဲ့ ကိစ္စတွေကြောင့် ဝမ်းနည်းနေရခြင်းမျိုး သမီးလေး မကြုံတွေ့ရပါစေနဲ့။

၂၃။     တစ်စုံတစ်ယောက်အပေါ် ခံစားနာကျင်ပြီး ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်နေခြင်းမျိုး သမီးလေး မကြုံတွေ့ရပါစေနဲ့။

၂၄။     သေးသေးမွှားမွှားကိစ္စနဲ့ ဥစ္စာပစ္စည်းတွေအပေါ် တွယ်တာခြင်းမျိုး သမီးလေး မခံစားရပါစေနဲ့။

၂၅။     အရေးမစိုက်တဲ့လူတွေကြောင့် စိတ်လောနေရခြင်းမျိုး သမီးလေး မခံစားရပါစေနဲ့။

၂၆။     တကယ်ထိုက်တန်တဲ့အရာတွေကို ကိုယ်နဲ့ မထိုက်တန်သလို သမီးလေး မခံစားရပါစေနဲ့။

အတွေးအခေါ်များကို  မျှဝေပေးတယ်ဆိုတာ ဂရုစိုက်လို့ပါပဲ။ အောက်ပါ Facebook SHARE button လေးကို တစ်ချက်နှိပ်ပြီး သူငယ်ချင်းတွေကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်။