စစ်မှန်သော ချစ်ခြင်းနှင့် အတ္တပါသော ချစ်ခြင်း

0
1616

လူအမျိုးမျိုးကတော့ ချစ်နည်းအမျိုးမျိုးနဲ့ ချစ်နေကြတာပါ။ သင်ကိုယ်တိုင်ရော ဘယ်လို ချစ်ခြင်းမျိုးနဲ့ သင့်ချစ်သူကိုပေးဆပ်နေလဲ  သိရအောင် အောက်ဖော်ပြပါ အချက်လေးတွေကို လေ့လာ ကြည့်လိုက်ပါနော်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

 

၁။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ  _  မျှော်လင့်ခြင်း ကင်းမဲ့စွာ ပေးဆပ်ကြတယ်။

မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ    _  ပေးဆပ်မှုမှာ မျှော်လင့်ချက်တွေ ပါနေတယ်။

၂။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ  _ ချစ်သူအတွက် ကိုယ့်ကိုယ်ကို အမြဲ အနစ်နာ ခံကြတယ်။

မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ   _ သူတို့ အလိုဆန္ဒတွေကိုပဲ အမြဲ ရှေ့တန်းတင်တတ်တယ်။

၃။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _  အပြစ်တစ်ခုခု လုပ်လိုက်ရင် အမြဲ ခွင့်လွှတ်ပေးတယ်။

မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ   _  တစ်ခုခု ပြန်အပြစ်ပေး ရမှ ကျေနပ်တယ်။

၎။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _  ချစ်သူအတွက် နာကြင်ကြေကွဲ ခဲ့ရရင် မေ့ဖျောက်ပစ်ကြတယ်။

မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ  _   နာကြင် ကြေကွဲမှုတွေကို မမေ့နိုင်ဘဲ တေးမှတ် ထားတတ်တယ်။

၅။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _  သင့်ကို လွတ်လပ်စွာ ရပ်တည်ခွင့်ပေးပါလိမ့်မယ်။

မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ   _  သင့်ကို အမြဲလွှမ်းမိုး ချုပ်ကိုင်ချင်တယ်။

၆။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _  သင့်လက်ရှိအခြေအနေနဲ့ သင့်ရပ်တည်မှုကို လက်ခံနိုင်ပါတယ်။

မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ  _   သင့်ကို သူတို့ သတ်မှတ်ထားတဲ့ စံတွေထဲကို ဝင်အောင် ပုံသွင်းလိုကြတယ်။

၇။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _  သင့်စကားတွေကို နားထောင်ပေးဖို့ အမြဲ အသင့်ရှိနေတယ်။

မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ   _  သူတို့ ဆန္ဒတွေကိုပဲ အမြဲ ပြောနေတတ်တယ်။

၈။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _  ပြသနာ ဖြစ်လာရင် အမြဲ ညှိနှိုင်းမှုတွေနဲ့ ရှေ့ဆက်လိုကြတယ်။

မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ  _   သူတို့မှန်တယ်ဆိုတာကို သက်သေပြဖို့ အမြဲ ကြိုးစားနေတတ်တယ်။

၉။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _  နှစ်ဦးကြားက စစ်မှန်တဲ့  မေတ္တာတရားတွေကို တန်ဖိုးထားကြတယ်။

မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ  _   တွယ်တာ မက်မောမှု သက်သက်မျှသာ ဖြစ်ပါတယ်။

၁ဝ။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _   နှစ်ဦးကြား ဆက်ဆံရေးမှာ လျို့ဝှက်ချက် မရှိဘူး။ အမြဲ ပွင့်ပွင့်လင်းလင်း ရှိတယ်။

မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ   _ ခံစားချက်တွေဖုံးကွယ်ထားပြီး တစ်ဘက်လူရဲ့  ခံစားမှုတွေကို အရောင်ဆိုးချင်ကြတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ပေးဖို့မမေ့နဲ့နော်။