နေ့ရက်သစ်တိုင်းဟာ ဘဝရဲ့ နိဒါန်းလေးတစ်ခုပါပဲ

0
1408

နေ့သစ်တိုင်းဟာ ကိုယ့်ဘဝကို ပြန်လည်ထူထောင်ဖို့ အခွင့်အရေးကောင်းလေးတစ်ခုပါပဲ။ ကိုယ့်ကိုယ်ကို ကြီးပွားဖို့ ကြိုးစားလိုက်ပါ စာဖတ်ပရိသတ်ကြီးရေ…။

သင်ချစ်တဲ့သူတွေကို အချိန်ပိုပေးပါ။ သင့်ကို ရယ်မောစေမယ့် သူတွေနဲ့ သင့်ကိုယ်သင် ဝန်းရံထားပါ။ ကိုယ့် အနီးအနားက လူတွေရဲ့ ဘဝတွေကို ကြီးပွားတိုးတက်လာအောင် ကိုယ့်ဖက်က တက်နိုင်သလောက် အထောက်အကူပြုလိုက်ပါ။

ပြန်ရလာမယ့်အရာကို မမျှော်လင့်ဘဲ ရက်ရက်ရောရော ပေးကမ်းတတ်ပါ။ မရှိဆင်းရဲသားတွေကို အစားအစာတွေ ပေးကမ်းလိုက်ပါ။ ကိုယ်ကောင်းမှုပြုထားတာတွေကို လိုက်ပြောမနေဘဲ နှုတ်ပိတ်ထားပါ။

သင်တစ်ခုခုဖြစ်နေပြီဆိုရင် ဘုရားကန်တော့လိုက်ပါ။ သင် ဘာပဲဖြစ်နေပါစေ ဘုရားတော့ အမြဲကန်တော့ပြီး ကိုယ် ဘဝလက်ရှိ အခြေအနေအတွက် ကျေးဇူးတင်စကားလေးကို အမြဲပြောပါ။

လူတွေကို မဝေဖန်ခင် သူတို့အကြောင်းကို ကောင်းကောင်းလေ့လာပါ။ အထင်လွဲမှုတွေ မဖြစ်လာအောင် တစ်ဖက်လူတွေပြောတဲ့ စကားတွေကို ကောင်းကောင်းနားထောင်ပါ။ လူတွေနဲ့ အတွင်းကျကျ ပေါင်းသင်းဆက်ဆံပါ။ ကိုယ့်မရှိတော့တဲ့ အချိန်မှာတောင် သူ့တို့ဘဝမှာ ကိုယ့်ရဲ့ ကောင်းတဲ့အကြောင်းလေးတွေ ကျန်နေပါစေ။

ကြိုးစားပြီး ပိုက်ဆံရှာပါ။ ဒါပေမယ့် လောဘမတက်စေပါနဲ့။ ကိုယ့်ကိုယ်ကို ကောင်းအောင် အမြဲကျင့်ကြံနေထိုင်ပါ။

ကိုယ့်အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာကို ထိုင်တွေးနေဖို့ ဒါမှမဟုတ် ကိုယ့်အတိတ်အကြောင်းတွေကို ထိုင်ပြီး စဉ်းစားနေဖို့ သင့်မှာ အချိန်မရှိပါဘူး။ ယနေ့ကိုသာ အကောင်းဆုံး ဖြစ်အောင် နေထိုင်လိုက်ပါ။

ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

သဘောကျနှစ်သက်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း share ပေးလိုက်ပါ။