သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးပိုင်ဆိုင်လိုသူတိုင်းကျင့်သုံးသင့်သော ကျင့်ဝတ်များ

0
985

၁။  လျှို့ဝှက်ချက်မထားဘဲ ပွင့်လင်းတဲ့ ဆက်ဆံရေးထားရှိပါ။

၂။ အိမ်ထောင်ဖက်က စကားပြောတဲ့အခါ စိတ်ပါလက်ပါနားထောင်ပါ။

၃။ မကျေလည်တဲ့ ကိစ္စတွေကို မဖြေရှင်းဘဲ ထားတတ်တဲ့အကျင့်ကိုဖျောက်ပါ။

၎။ အလုပ်ဘယ်လောက်များများ ညစာအတူတူစားပါ။

၅။ “ကောင်းပြီလေ… မင်းပဲအမြဲမှန်တယ်။” “အားလုံးက ကျွန်မအပြစ်တွေပါ” စတဲ့ စကားတွေကို ရှောင်ရှားပါ။

၆။ အားလပ်ရက်တွေမှာ တစ်ယောက်အတွက် တစ်ယောက်အချိန်ပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ကောင်းကွက်တွေကို ထုတ်ဖော်ချီးကျူးပါ။ အားနည်းချက်တွေကို နှစ်သိမ့်ပေးပါ။

၈။ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အလွန်အမင်းစွက်ဖက်တာ၊ စစ်ဆေးလွန်းတာတွေ ရှောင်ကြဉ်ပါ။

၉။ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေအတွက် အချိန်မပေးစေဘဲ အမြဲတွယ်ကပ်နေတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

၁ဝ။ အလွန်အမင်း သဝန်တိုတတ်ခြင်းဟာ အိမ်ထောင်ရေးမှာ အဖုအထစ်တွေဖြစ်စေနိုင်တာကြောင့် သံသယဖြစ်နေတတ်တဲ့အကျင့်ကိုဖျောက်ပါ။

၁၁။ တစ်ဦးဒေါသထွက်နေရင် ကျန်တစ်ဦးက စိတ်လျော့ပါ။

၁၂။ အိမ်ထောင်ဖက်ရဲ့ အားနည်းချက်ကို တတိယလူတစ်ယောက်ကို ပြောပြခြင်းရှောင်ကြဉ်ပါ။

၁၃။ မိမိရဲ့ သားသမီးတွေရှေ့မှာ အိမ်ထောင်ဖက်ကို အရိုသေတန်စေမယ့် အပြုအမူတွေကို ရှောင်ရှားပါ။

၁၄။ အထိမ်းအမှတ်နေ့တွေကို သတိတရရှိပါ။

၁၅။ ဇနီးမောင်နှံအကြား အပြန်အလှန်ယုံကြည်ခြင်းနဲ့ ချည်နှောင်ထားပါ။

၁၆။ မိဘတွေကို ပေးကမ်းစောင့်ရှောက်နိုင်ဖို့ တစ်ဦးကိုတစ်ဦး ကူညီအားပေးပါ။

၁၇။ အိမ်ထောင့်တာဝန်တွေကို အတူတကွ ထမ်းဆောင်ပါ။

၁၈။ တစ်ယောက်ကိုတစ်ယောက် ချိုးချိုးဖဲ့ဖဲ့ပြောတတ်တဲ့အကျင့်ကို ပြင်ပါ။

၁၉။ ခင်ပွန်းရဲ့ မိတ်ဆွေတွေရှေ့မှာ သူ့ကို ရိုသေပေးပါ။ ဇနီးသည်ရဲ့ သူငယ်ချင်းတွေရှေ့မှာ သူမကိုအလိုလိုက်ပါ။

၂ဝ။ အခြားလူတွေရဲ့ သွေးထိုးစကားတွေကို လျစ်လျူရှုပါ။

စာချစ်သူတို့အနေနဲ့ ခင်ပွန်း၊ဇနီးကို mention ခေါ်ပြီး ကျင့်ဝတ်လေးတွေ အတူတူလိုက်နာသွားဖို့ ကတိပြုလိုက်ပါနော်။