တစ်ပါးသူကို ကုညီဖို့ ချမ်းသာစရာမလိုကြောင်း ပြသသွားတဲ့ အဖိုးတစ်ယောက်

blank

တရုတ်အမျိုးသားကြီး ဆိုက်ကားစရာ ဘိန်ဖန်လီ (Sir Bai Fang Li )ဟာ နှစ်ပေါင်း(၂ဝ) ကြာ သုံးဘီး ဆိုင်ကယ်မောင်းပြီး ယွမ် (၃၅ဝဝဝ) ကို ပညာသင်စားရိတ်မတတ်နိုင်တဲ့ ဆင်းရဲသားတွေထဲက ကျောင်းသား (၃ဝဝ) အတွက် ပညာသင်ကြေး ထောက်ပံ့ပေးခဲ့သူပါ။

ဆောင်းရာသီ တစ်နေ့မှာ သူဟာ ယွမ်ငွေ (၅ဝဝ) ကို နောက်ဆုံးအနေနဲ့ သွားရောက်လှူဒါန်း ခဲ့ပါတယ်။ သူ့ကျန်းမာရေး မကောင်းတဲ့အတွက် အလုပ်လုပ်လို့ မဖြစ်နိုင်တော့တဲ့ အတွက်ပါ။ သူအသက် ၉၃ အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

သူဟာ မပြည့်စုံပေမယ့် ကိုယ့်လုပ်အားနဲ့ ဘဝတစ်လျှောက်လုံး ပရဟိတစိတ်နဲ့ အသက်ရှင်ခဲ့သူပါ။ ဒါကြောင့် သဒ္ဓါစိတ်က အဓိကဖြစ်ပြီး မပြည့်စုံနေတဲ့သူတွေကို ဖြည့်ဆည်းဖို့ ချမ်းသာနေဖို့မလိုဘူး ဆိုတာကို သင်ခန်းစာ တစ်ခုအနေနဲ့ ချပြသွားခဲ့ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

စဉ်းစားစရာတစ်ခုဖြစ်ခဲ့မယ်ဆို Share ပေးဖို့ မမေ့နဲ့နော်။